Tuesday 22 April 2014

ကမ္ဘာ့ စံချိန်တင် လေလံဈေးရရှိခဲ့သည့် လိမ္မော်ရောင် စိန်ပွင့်ကြီး

Photo: ကမ္ဘာ့ စံချိန်တင် လေလံဈေးရရှိခဲ့သည့် လိမ္မော်ရောင် စိန်ပွင့်ကြီး

ရှားပါးသည့် ကမ္ဘာ့အကြီးဆုံး လိမ္မော်ရောင် စိန်ပွင့်ကို ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၁၂ ရက်က အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၅၄ သန်းဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ လိမ္မော်ရောင် စိန်ကြီးအား လေလံတင် ရောင်းချခဲ့ရသည့် ဈေးနှုန်းမှာ ကမ္ဘာ့စံချိန်တင် ဈေးနှုန်းသစ် ဖြစ်ကြောင်း Christie လေလံတင် ကုမ္ပဏီက ပြောကြားခဲ့သည်။

၎င်းလေလံတင် ဈေးမှာ တစ်ကာရက်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်းရှိပြီး ၂ဝဝ၉ ခုနှစ်က ဟောင်ကောင်တွင် ရောင်းချခဲ့ရသော Vivid ပန်းရောင်စိန် ရောင်းချမှု၏ လေလံဈေး ၂ ဒသမ ၁၅ သန်း ဖြစ်သည့် စံချိန်ဟောင်းကို ရိုက်ချိုးသွား နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လိမ္မော်ရောင် စိန်ကို တောင်အာဖရိကမှ တူးဖော်တွေ့ရှိခဲ့ပြီး အလေးချိန် ၁၄ ဒသမ ၈၂ ကာရက် ရှိကြောင်း၊ အရောင်ပါသော စိန်များ လေလံတင် ရောင်းချရမှုတွင် တန်ဖိုး အများဆုံး ရရှိသည့် စိန်ဖြစ်ကြောင်း၊ ၄င်း၏ တန်ဖိုးမှာ ကမ္ဘာကျော် ပန်းချီဆရာ ပီကာဆို၏ လက်ရာမြောက် ပန်းချီကား တစ်ချပ်ကို လေလံတင် ရောင်းချခဲ့ရသော တန်ဖိုးနီးပါး ရှိကြောင်း လေလံ ကုမ္ပဏီက ထပ်လောင်း ပြောကြားခဲ့သည်။
ရှားပါးသည့် ကမ္ဘာ့အကြီးဆုံး လိမ္မော်ရောင် စိန်ပွင့်ကို ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၁၂ ရက်က အမေရိ ကန် ဒေါ်လာ ၃၅ ဒသမ ၅၄ သန်းဖြင့် လေလံ တင် ရောင်းချ ခဲ့ကြောင်း သိရသည်။
အဆိုပါ လိမ္မော်ရောင် စိန်ကြီးအား လေလံတင် ရောင်းချခဲ့ရသည့် ဈေးနှုန်းမှာ ကမ္ဘာ့စံချိန် တင် ဈေးနှုန်းသစ် ဖြစ်ကြောင်း Christie လေလံတင် ကုမ္ပဏီက ပြောကြားခဲ့သည်။

၎င်းလေလံတင် ဈေးမှာ တစ်ကာရက်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်းရှိပြီး ၂ဝဝ၉ ခုနှစ်က ဟောင်ကောင်တွင် ရောင်းချခဲ့ရသော Vivid ပန်းရောင်စိန် ရောင်းချမှု၏ လေလံဈေး ၂ ဒသမ ၁၅ သန်း ဖြစ်သည့် စံချိန်ဟောင်းကို ရိုက်ချိုးသွား နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လိမ္မော်ရောင် စိန်ကို တောင်အာဖရိကမှ တူးဖော်တွေ့ရှိခဲ့ပြီး အလေးချိန် ၁၄ ဒသမ ၈၂ ကာရက် ရှိကြောင်း၊ အရောင်ပါသော စိန်များ လေလံတင် ရောင်းချရမှုတွင် တန်ဖိုး အများဆုံး ရရှိသည့် စိန်ဖြစ်ကြော င်း၊ ၄င်း၏ တန်ဖိုးမှာ ကမ္ဘာကျော် ပန်းချီဆရာ ပီကာဆို၏ လက်ရာမြောက် ပန်းချီကား တစ်ချပ်ကို လေလံ တင် ရောင်းချခဲ့ရသော တန်ဖိုးနီးပါး ရှိကြောင်း လေလံ ကုမ္ပဏီက ထပ်လောင်း ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment