Tuesday 22 April 2014

အသင်းဟောင်းကို ရင်ဆိုင်ရချိန်၌ တောရက်စ် တွန့်ဆုတ်နေမည် မဟုတ်ဟု မော်ရင်ဟို ယုံကြည်

Photo: အသင်းဟောင်းကို ရင်ဆိုင်ရချိန်၌ တောရက်စ် တွန့်ဆုတ်နေမည် မဟုတ်ဟု မော်ရင်ဟို ယုံကြည်
Tuesday, April 22, 2014

အသင်းဟောင်းကို ရင်ဆိုင် ရချိန်၌ ဖာနန်ဒိုတောရက်စ် အနေဖြင့် သွေးကြောင် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ဟု မိမိယုံကြည်ကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူး ဆမ်မြူရယ်လ်အီတူး ဒဏ်ရာ ရနေသည့်နောက် စပိန်သား တောရက်စ် အနေဖြင့် ၎င်းတစ်ချိန်က ကျင်လည်ဖူးသည့် ဗင်းဆင့်ကယ်လ်ဒါရွန် ကွင်းကြီးတွင် ချယ်လ်ဆီး တိုက်စစ်ကို ဦးဆောင် ပွဲထွက်ရဖွယ် ရှိနေသည်။ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့၌ တောရက်စ်ကို အသုံးပြုဖြစ်ခဲ့ပါက တောရက်စ်၏ စွမ်းဆောင်ရည်ပိုင်း အပြည့်အဝ ထက်သန်နေလိမ့်မည်ဟု မော်ရင်ဟိုက မှတ်ချက်ပြုခဲ့သည်။ တောရက်စ်သည် (၂၀၀၇)ခုနှစ်က အက်သလက်တီကိုမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမှတစ်ဆင့် ချယ်လ်ဆီးသို့ ရောက်ရှိ လာခဲ့သည်။ ၎င်းသည် အက်သလက်တီကိုတွင် (၇)နှစ် ရှိခဲ့ပြီး (၉၁)ဂိုးထိ သွင်းယူပေးခဲ့သည်။

မော်ရင်ဟိုက “ချန်ပီယံလိဂ်မှာ ကစားရတယ် ဆိုတာ ကစားသမားတိုင်းအတွက် ကြီးမားတဲ့ စိတ်ဓာတ်ရေးရာ လှုံ့ဆော်မှု တစ်ခုပါပဲ။ လူတိုင်းက ကစားချင်ကြတယ်လေ။ အရွေးခံရသူတွေ ပျော်ကြတယ်။ အရွေးမခံရသူတွေ မပျော်ဘူး။ ဒါက ဓမ္မတာပဲ”ဟု ပြောဆိုခဲ့သည်။ ၎င်းက “ခုပွဲမှာ တောရက်စ် ပွဲထွက်လာမယ်လို့ ကျွန်တော် မပြောဘူးနော်။ ဒါပေမဲ့ သူဟာ ဘယ်တော့မှ ပုန်းကွယ်နေမှာ မဟုတ်ဘူးလို့တော့ ပြောချင်တယ်။ ဒါကို နေ့စဉ်နေ့တိုင်း သူသက်ဝင် ခံစားလေ့ရှိတယ်။ တောရက်စ်ဟာ တကယ့် အက်သလက်တီကို ပရိသတ် စစ်စစ်မှန်မှန် တစ်ယောက်ပါ။ ဒါကို ကျွန်တော် အလေးအနက် ပြောချင်တယ်။ သူနဲ့ကျွန်တော် နေ့တိုင်းလိုလို စပိန်ဘောလုံးလောကအကြောင်း ပြောဖြစ်ကြတယ်လေ”ဟုလည်း ဆိုသည်။

မော်ရင်ဟိုက “တောရက်စ်က ပရော်ဖက်ရှင်နယ်ကောင်း တစ်ယောက် ဖြစ်ပါတယ်။ ဒါကို ကျွန်တော် ဘယ်တော့မှ သံသယ မရှိဘူး။ အက်သလက်တီကိုနဲ့ ပွဲစဉ်မှာ သူသာ ကွင်းထဲရှိနေရင် ချယ်လ်ဆီးအတွက် အစွမ်းကုန် ပေးဆပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ပရော်ဖက်ရှင်နယ်ကောင်း တစ်ယောက် မဟုတ်လား”ဟု ပြောကြားခဲ့သည်။ ၎င်းက မိမိနှင့် အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်းတို့ကြား ခိုင်းနှိုင်းမှုများကို လက်သင့်မခံလိုကြောင်းလည်း ပြောဆိုသွားသေးသည်။

“ကျွန်တော် လက်မခံချင်ဘူး။ နည်းပြချင်း နှိုင်းယှဉ်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ နည်းပြအတွေ့အကြုံ (၁၅)နှစ်လောက် ရှိတဲ့သူတစ်ယောက်ကို အဲဒီလောက် အတွေ့အကြုံ မများသေးတဲ့သူနဲ့ ယှဉ်ဖို့ဆိုတာ မဖြစ်သင့်ဘူးလေ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဆီမြွန်းနဲ့ နှိုင်းယှဉ်မှုတွေကို သဘောမကျပါဘူး”ဟု မော်ရင်ဟိုက ရှင်းပြသွားသည်။ 

Ref:Goal
Soccer Myanmar
အသင်းဟောင်းကို ရင်ဆိုင် ရချိန်၌ ဖာနန်ဒိုတောရက်စ် အနေဖြင့် သွေးကြောင် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ဟု မိမိယုံကြည်ကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။
ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူး ဆမ်မြူရယ်လ်အီတူး ဒဏ်ရာ ရနေသည့်နောက် စပိန်သား တောရက်စ် အနေဖြင့် ၎င်းတစ်ချိန်က ကျင်လည်ဖူးသည့် ဗင်းဆင့်ကယ်လ်ဒါရွန် ကွင်းကြီးတွင် ချယ်လ်ဆီး တိုက်စစ်ကို ဦးဆောင် ပွဲထွက်ရဖွယ် ရှိနေသည်။ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့၌ တောရက်စ်ကို အသုံးပြုဖြစ်ခဲ့ပါက တောရက်စ်၏ စွမ်းဆောင်ရည်ပိုင်း အပြည့်အဝ ထက်သန်နေလိမ့်မည်ဟု မော်ရင်ဟိုက မှတ်ချက်ပြုခဲ့သည်။ တောရက်စ်သည် (၂၀၀၇)ခုနှစ်က အက်သလက်တီကိုမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမှတစ်ဆင့် ချယ်လ်ဆီးသို့ ရောက်ရှိ လာခဲ့သည်။ ၎င်းသည် အက်သလက်တီကိုတွင် (၇)နှစ် ရှိခဲ့ပြီး (၉၁)ဂိုးထိ သွင်းယူပေးခဲ့သည်။

မော်ရင်ဟိုက “ချန်ပီယံလိဂ်မှာ ကစားရတယ် ဆိုတာ ကစားသမားတိုင်းအတွက် ကြီးမားတဲ့ စိတ်ဓာတ်ရေး ရာ လှုံ့ဆော်မှု တစ်ခုပါပဲ။ လူတိုင်းက ကစားချင်ကြတယ်လေ။ အရွေးခံရသူတွေ ပျော်ကြတယ်။ အရွေးမခံ ရသူတွေ မပျော်ဘူး။ ဒါက ဓမ္မတာပဲ”ဟု ပြောဆိုခဲ့သည်။ ၎င်းက “ခုပွဲမှာ တောရက်စ် ပွဲထွက်လာမယ်လို့ ကျွန်တော် မပြောဘူးနော်။ ဒါပေမဲ့ သူဟာ ဘယ်တော့မှ ပုန်းကွယ်နေမှာ မဟုတ်ဘူးလို့တော့ ပြောချင် တယ်။ ဒါကို နေ့စဉ်နေ့တိုင်း သူသက်ဝင် ခံစားလေ့ရှိတယ်။ တောရက်စ်ဟာ တကယ့် အက်သလက်တီကို ပရိသတ် စစ်စစ်မှန်မှန် တစ်ယောက်ပါ။ ဒါကို ကျွန်တော် အလေးအနက် ပြောချင်တယ်။ သူနဲ့ကျွန်တော် နေ့ တိုင်း လိုလို စပိန်ဘောလုံးလောကအကြောင်း ပြောဖြစ်ကြတယ်လေ”ဟုလည်း ဆိုသည်။

မော်ရင်ဟိုက “တောရက်စ်က ပရော်ဖက်ရှင်နယ်ကောင်း တစ်ယောက် ဖြစ်ပါတယ်။ ဒါကို ကျွန်တော် ဘယ်တော့မှ သံသယ မရှိဘူး။ အက်သလက်တီကိုနဲ့ ပွဲစဉ်မှာ သူသာ ကွင်းထဲရှိနေရင် ချယ်လ်ဆီးအတွက် အစွမ်းကုန် ပေးဆပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ပရော်ဖက်ရှင်နယ်ကောင်း တစ်ယောက် မဟုတ်လား”ဟု ပြောကြားခဲ့သည်။ ၎င်းက မိမိနှင့် အက်သလက်တီကိုနည်းပြ ဒီယေဂို ဆီမြွန်းတို့ကြား ခိုင်းနှိုင်းမှုများကို လက်သင့်မခံလိုကြောင်းလည်း ပြောဆိုသွားသေးသည်။

“ကျွန်တော် လက်မခံချင်ဘူး။ နည်းပြချင်း နှိုင်းယှဉ်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ နည်းပြအတွေ့အကြုံ (၁၅)နှစ်လောက် ရှိတဲ့သူတစ်ယောက်ကို အဲဒီလောက် အတွေ့အကြုံ မများသေးတဲ့သူနဲ့ ယှဉ်ဖို့ဆိုတာ မဖြစ် သင့်ဘူးလေ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဆီမြွန်းနဲ့ နှိုင်းယှဉ်မှုတွေကို သဘောမကျပါဘူး” ဟု မော်ရင်ဟို က ရှင်းပြသွားသည်။

Ref:Goal
Soccer Myanmar

No comments:

Post a Comment