Friday 13 June 2014

ပညာရေးဝန်ကြီးဌာနနှင့် ဒေါက်တာကျင်ဌေးအမှု ၀န်ကြီးဌာနရှုံး

ပညာရေးဝန်ကြီးဌာန နှင့် ဖြစ်ပွားနေသော အမှုအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးဌာန၊ ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေးကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အနိုင်ပေးသော အမိန့်ချ မှတ်လိုက်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု တရားလွှတ် တော်ချုပ်တွင် ပထမဆုံးအကြိမ် အဖြစ် အစိုးရအာဏာပိုင်အဖွဲ့ အစည်းဖြစ်သော ၀န်ကြီးဌာနနှင့် ဌာန၀န်ထမ်းတို့ ထိပ်တိုက်အမှု ရင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ဌာန၀န်ထမ်း က အနိုင်ရလိုက်ခြင်း ဖြစ်ကြောင်း ဒေါက်တာဒေါ်ကျင်ဌေး၏ ရှေ့နေက ပြောသည်။ 

ကွယ်လွန်ခဲ့သော ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီး လက်ထက်တွင် မယူမနေရ ပင်စင်ဖြင့် အရေးယူ အပြစ်ပေး ခံရခြင်းကြောင့် မတရားချမှတ် ထားသော အမိန့်ကို ပယ်ဖျက် ပေးရန် ဒေါက်တာ ကျင်ဌေးက ပြည်ထောင်စု တရားလွှတ်တော် ချုပ်သို့ စာချွန်တော်တင် သွင်းခဲ့ ခြင်းဖြစ်သည်။ 

၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင်  စာချွန်တော်တင်သွင်းခဲ့ပြီးနောက် ပြည်ထောင်စု တရား လွှတ်တော် ချုပ်က စစ်ဆေးကာ ယခုနှစ် ဇွန် လ ၉ ရက်တွင် ဒေါက်တာကျင် ဌေးအား မယူမနေရပင်စင်ပေး သော အမိန့်ကို ပယ်ဖျက်ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ 

‘‘ပညာရေးဝန်ကြီးဌာနက ချ မှတ်ထားတဲ့ အမိန့်ကို ပယ်ဖျက် တဲ့ အာဏာပေးစာချွန်တော် အ မိန့်ချမှတ်လိုက်တာပါ။ ဒီလိုဆုံး ဖြတ်ချက် ချလိုက်တဲ့အတွက် တရားစီရင်ရေးကို ၀မ်းသာကျေ နပ်မိပါတယ်။ ဒေါက်တာကျင် ဌေးကို ၀န်ကြီးဌာနမှ ချမှတ်ထား တဲ့အမိန့်က ၀န်ကြီးဌာနအပြင် သမ္မတ ရုံးက အတည်ပြုထားတဲ့ အမိန့်ဆိုတော့ ပြင်ဖို့မလွယ်ပါ ဘူး။ ၀န်ထမ်းတွေအပေါ် အထက် အာဏာ ပိုင်တွေက လုပ်ချင်သလို လုပ်လို့မရဘူးဆိုတာ ပေါ်လွင် သွားတာပေါ့’’ ဟု ၎င်း၏ ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

ဒေါက်တာဒေါ်ကျင်ဌေးသည် ပညာရေးဝန်ကြီးဌာန၏ နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ် ၃၀ ကျော် တာဝန် ထမ်း ဆောင် ခဲ့ပြီး လုပ်သက် ပြည့်ရန် လေးနှစ်အလိုဖြစ်သော ၂၀၁၃ ခုနှစ် မတ်လတွင် နိုင်ငံ့ဝန် ထမ်းဥပဒေအရ မယူမနေရ ပင် စင်ပေးခံရခြင်း ဖြစ်သည်။ 

‘‘မယူမနေရ  ပင်စင်ပေး တုန်းက လုပ်သက်ပြည့်ဖို့ လေး နှစ်လိုသေးတယ်။  အခု အမှုရင်ဆိုင်တာနဲ့ဆိုတော့ သုံးနှစ် လောက်ပဲ လိုတော့တယ်။ အပြစ် မရှိလို့ အမိန့်ချလိုက်တဲ့အတွက် ၀န်ကြီး ဌာနမှာ ပြန်လည်တာဝန် ထမ်းဆောင်ဖို့ ဥပဒေအရ ဆောင် ရွက်မယ်။ ဂုဏ်သိက္ခာအတွက် အလုပ်ပြန်ဝင် ပါမယ်’’ ဟု ဒေါက် တာကျင်ဌေးက ပြောသည်။ 

ပညာရေးဝန်ကြီးဌာနက မယူမနေရပင်စင် အမိန့်ချမှတ် ခဲ့ခြင်းကြောင့် နစ်နာခဲ့ရမှုများနှင့် မတရား ဆုံးဖြတ်ခဲ့မှုများအပေါ် ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်ရန် ရှေ့နေနှင့် တိုင် ပင်ဆွေးနွေးနေ ကြောင်း ၎င်းက ဆိုသည်။

7 Day Daily 

No comments:

Post a Comment