Tuesday 22 April 2014

ထွက်ပေါ်လာခဲ့ပြီဖြစ်သည့် PFA အကောင်းဆုံးဆု ဆန်ကာတင်စာရင်း

Photo: ထွက်ပေါ်လာခဲ့ပြီဖြစ်သည့် PFA အကောင်းဆုံးဆု ဆန်ကာတင်စာရင်း
Tuesday 22nd April 2014

အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ PFA  တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်
FA က ထုတ်ပြန်ကြေညာခဲ့ ကြောင်း သတင်းရရှိပါတယ်။ ယခုနှစ်အတွက် ချီးမြှင့်မယ့် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် (၆)ဦးစာရင်းမှာ လီဗာပူးလ်အသင်းမှ ကစားသမား(၃)ဦးထိပါဝင်ခဲ့ပြီး ချဲလ်ဆီးအသင်း၊ မန်ချက် စတာစီးတီးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့မှ တစ်ဦးစီပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းမှ တိုက်စစ်မှူးတွေဖြစ်တဲ့ " ဆွာရက်ဇ် " နဲ့  " စတားရစ်ခ်ျ " တို့အပြင် အသင်းခေါင်းဆောင်  " ဂျရတ် " ပါဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
 
တိုက်စစ်မှူး " ဆွာရက်ဇ် " ဟာ ပရီးမီးယားလိဂ်မှာ (၂၉)ဂိုးထိသွင်းယူထားသလို  " စတားရစ်ခ်ျ " ကလည်း ဂိုး(၂၀)ထိ သွင်းယူထားပြီး အသင်းခေါင်းဆောင် " ဂျတ်ရတ် " ကလည်း (၁၃)ဂိုးသွင်းယူကာ အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းမှ ကွင်းလယ်ကစားသမား " ယာယာတိုရေး " ဟာ ပရီးမီးယားလိဂ်မှာ (၁၈)ဂိုးထိသွင်းယူထားတာကြောင့် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့သလို ချဲလ်ဆီးအသင်းမှာ အထူးခြေစွမ်းပြနေတဲ့  " ဟာဇက် " အပြင် ဆောက်သမ်တျန်အသင်းရဲ့ အဓိက ကစားသမား " လယ်လာနာ " လည်း ယခုနှစ်အတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
 
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့သလို တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု အတွက် ဆန်ကာတင်စာရင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုနှစ်အတွက် အကောင်းဆုံး လူငယ်ကစားသမားဆု ဆန်ကာတင်စာရင်းမှာ လီဗာပူးလ်အသင်းမှ  " စတာလင် " နဲ့အတူ  " စတား ရစ်ခ်ျ " လည်း ထပ်မံပါဝင်လာခဲ့ပြီး ချဲလ်ဆီးအသင်းမှ  " ဟာဇက် " လည်း ထပ်မံပါဝင်လာကာ အဲဗာ တန်အသင်းမှ  " ဘာကလေ " ၊ ဆောက်သမ်တန်အသင်းမှ " လုရှော " ၊ အာဆင်နယ်အသင်းမှ  " ရမ်ဆေး "  တို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုပေးအပ်ချီးမြှင့်ပွဲကိုတော့ ဧပြီလ(၂၇)ရက်နေ့မှာ လန်ဒန်မြို့တွင် ကျင်းပပြု လုပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါသည်။

MRTV-4
အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ PFA  တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ထုတ်ပြန်ကြေညာခဲ့ ကြောင်း သတင်းရရှိပါ တယ်။ ယခုနှစ်အတွက် ချီးမြှင့်မယ့် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် (၆)ဦးစာရင်းမှာ လီဗာပူးလ်အသင်းမှ ကစားသမား(၃)ဦးထိပါဝင်ခဲ့ပြီး ချဲလ်ဆီးအသင်း၊ မန်ချက် စတာစီးတီးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့မှ တစ်ဦးစီပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းမှ တိုက်စစ်မှူးတွေဖြစ်တဲ့ " ဆွာရက်ဇ် " နဲ့  " စတားရစ်ခ်ျ " တို့အပြင် အသင်းခေါင်းဆောင်  " ဂျရတ် " ပါဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
တိုက်စစ်မှူး " ဆွာရက်ဇ် " ဟာ ပရီးမီးယားလိဂ်မှာ (၂၉)ဂိုးထိသွင်းယူထားသလို  " စတားရစ်ခ်ျ " ကလည်း ဂိုး(၂၀)ထိ သွင်းယူထားပြီး အသင်းခေါင်းဆောင် " ဂျတ်ရတ် " ကလည်း (၁၃)ဂိုးသွင်းယူကာ အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ထားတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းမှ ကွင်းလယ်ကစားသမား " ယာယာတိုရေး " ဟာ ပရီးမီးယားလိဂ်မှာ (၁၈)ဂိုးထိသွင်းယူထားတာကြောင့် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့သလို ချဲလ်ဆီးအသင်းမှာ အထူးခြေစွမ်းပြနေတဲ့  " ဟာဇက် " အပြင် ဆောက်သမ်တျန်အသင်းရဲ့ အဓိက ကစားသမား " လယ်လာနာ " လည်း ယခုနှစ်အတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်း ကို ထုတ်ပြန်ကြေညာခဲ့သလို တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆု အတွက် ဆန်ကာတင်စာရင်း ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုနှစ်အတွက် အကောင်းဆုံး လူငယ် ကစားသမားဆု ဆန်ကာတင်စာရင်းမှာ လီဗာပူးလ်အသင်းမှ  " စတာလင် " နဲ့အတူ  " စတား ရစ်ခ်ျ " လည်း ထပ်မံပါဝင်လာခဲ့ပြီး ချဲလ်ဆီးအသင်းမှ  " ဟာဇက် " လည်း ထပ်မံပါဝင်လာကာ အဲဗာ တန်အသင်း မှ  " ဘာကလေ " ၊ ဆောက်သမ်တန်အသင်းမှ " လုရှော " ၊ အာဆင်နယ်အသင်းမှ  " ရမ်ဆေး "  တို့ ပါဝင်ခဲ့ တာ ဖြစ်ပါတယ်။ ယခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး လူငယ်ကစား သမားဆုပေးအပ်ချီးမြှင့်ပွဲကိုတော့ ဧပြီလ(၂၇)ရက်နေ့မှာ လန်ဒန်မြို့တွင် ကျင်းပပြု လုပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါသည်။

MRTV-4

No comments:

Post a Comment