၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ နံနက် ၀၀၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၈/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
ထိုသို့တိုက်မိမှုကြောင့် ဂျစ် ယာဉ်မောင်း ဦးကြည်လွင်တွင် ဦးခေါင်းယာ ချိုစောင်းပေါက်ပြဲ၊ ၀ဲခြေသလုံး (၅)လက်မခန့် အရေပြားစုတ်ပြဲ၊ ရင်ဘတ်နာ ကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ဂျစ်ယာဉ်မှာ ဘော်ဒီနောက်ပိုင်း ၀ဲဘက်ခြမ်းကြေမွ၊ နောက်ဘီးကွဲ၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင် မခြင်မောင်းနှင်သူ အောင်စုလှိုင်အား သာဂရအမြန်လမ်း ရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
No comments:
Post a Comment