Tuesday 22 April 2014

လုံခြုံရေး ဆိုင်ရာ ပစ္စည်းများနှင့် အီလက်ထရွန်နစ် ပစ္စည်းပြပွဲ ကျင်းပသွားမည်

ကမ္ဘာ့နောက်ဆုံးပေါ် လုံခြုံရေး ဆိုင်ရာ ပစ္စည်းများနှင့် အီလက်ထရွန်နစ် ပစ္စည်းများ ပြပွဲကြီး (International Security & Modern Electronics Expo 2014) Myanmar Promotional Service (MPS) Co.,Ltd. မှကြီးမှူး၍ လာမည့် ဧပြီ ၂၅ ရက် မှ ၂၇ ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
အဆိုပါ ပြပွဲကြီးတွင် ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်လုပ် ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ရွှေလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ စက်မှု လက်မှုလုပ်ငန်းများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းရှင်များ တက်ရောက်ကာ Porduct Presentation ၊ Seminor Esifh နှင့်Workshop များကို ကျင်းပသွားမည် ဖြစ်သည်။

ပြပွဲတွင် ကမ္ဘာကျော် Brand များဖြစ်သော Naung Yoe Technologies Co., Ltd. (Bosch), TT Engineering Co., Ltd. (Panasonic), Alpha Solutions & Services Co., Ltd. (Samsung), TMW Co., Ltd. (Song), Apple (Home Pro 1), Myanmar Secom, Nikon, Sound Tech, Gandamar, Canon, Hitachi ...အစရှိသည် တို့အပြင် အခြားသော ကုမ္ပဏီကြီးများမှလည်း မြန်မာနိုင်ငံအတွက် လုံခြုံရေးဆိုင်ရာပစ္စည်းများ၊ နည်းစနစ်များနှင့် အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံတို့ကို ပထမဆုံး အကြိမ်အဖြစ် မိတ်ဆက် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment