Tuesday 22 April 2014

မြန်မာနိုင်ငံတွင် နှစ်စဉ် သစ်တောဧက ကိုးသိန်းကျော် ပြုန်းတီးနေပြီး သစ်ထုတ်ခွင့်ရ ကုမ္ပဏီများက ၂၀၀၄ မှ ၂၀၀၈ ခုနှစ်အတွင်း ကျွန်းစိုက်ဧက ၁၀၃၀၀ သာ ပြန်လည်စိုက်ပျိုး

Photo: မြန်မာနိုင်ငံတွင် နှစ်စဉ် သစ်တောဧက ကိုးသိန်းကျော် ပြုန်းတီးနေပြီး သစ်ထုတ်ခွင့်ရ ကုမ္ပဏီများက ၂၀၀၄ မှ ၂၀၀၈ ခုနှစ်အတွင်း ကျွန်းစိုက်ဧက ၁၀၃၀၀ သာ ပြန်လည်စိုက်ပျိုး
Tuesday, April 22, 2014

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုမှာ နှစ်စဉ်ဧက ကိုးသိန်းကျော်အထိ ရှိနေသည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က အမျိုးသားလွှတ်တော် န၀မပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့ပြီး သစ်တောများ ပြန်လည်စိုက်ပျိုးနိုင်မှုမှာ ရှစ်နှစ်အတွင်း ပုဂ္ဂလိက ကျွန်းစိုက်ခင်းနှင့် သစ်မာစိုက်ခင်းဧက တစ်သိန်းခွဲကျော်သာ ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပြီး သစ်ထုတ်လုပ်ခွင့်ရ ကုမ္ပဏီ ၁၈ ခုမှ လေးနှစ်တာကာလအတွင်း ကျွန်းစိုက်ခင်းဧက ၁၀၃၀၀ သာ ပြန်လည်စိုက်ပျိုး နိုင်ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။

သစ်ထုတ်လုပ်မှု များပြားသဖြင့် သစ်တောပြုန်းတီးမှု များပြားနေသည့်အပြင် သစ်ခိုးထုတ်နေမှုများကို တားဆီးနိုင်မှု မရှိသည့် မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီ ၁၈ ခုက ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လေးနှစ်အတွင်း ကျွန်းစိုက်ခင်း ဧက ၁၀၃၀၀ သာ ပြန်လည်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှစ၍ ပုဂ္ဂလိကကျွန်းနှင့် သစ်မာစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးခွင့်ပြုခဲ့ရာ လက်ရှိတွင် ပုဂ္ဂလိကကျွန်းစိုက်ခင်း ၁၀၇၄၅၃ ဧက နှင့် ပုဂ္ဂလိက သစ်မာစိုက်ခင်း ၄၆၁၈၀ ဧက ပြန်လည်စိုက်ပျိုးခဲ့ပြီး စတင်စိုက်ပျိုးခွင့်ပြုသည်မှ ခြောက်နှစ်တာ ကာလအတွင်း ဧကတစ်သိန်းခွဲကျော်အထိ ပြန်လည်စိုက်ပျိုး နိုင်ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀ ပြည့်နှစ် သစ်တောဖုံးလွှမ်းမှုမှာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်ပြီး နှစ်စဉ်ပျှမ်းမျှ သစ်တောပြုန်းတီးမှုမှာ ဧကကိုးသိန်းကျော်ဖြစ်ကာ ကမ္ဘာပေါ်ရှိ နှစ်စဉ်သစ်တောဧရိယာ အများဆုံးပျက်စီးသည့် ၁၀ နိုင်ငံစာရင်းတွင် အဆင့်ရှစ်နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား နိုင်ငံတော်ပိုင်ဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းမှ လုပ်ကိုင်နေပြီး ပုဂ္ဂလိကသစ် ထုတ်ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား ကန်ထရိုက်စနစ်ဖြင့် စိစစ်ခွင့်ပြုပေးနေကြောင်း သိရသည်။ 

Eleven Media Group 

ပန်းတောင်းမြို့နယ်မှ ကျွန်းစိုက်ခင်းတစ်ခု
ပန်းတောင်းမြို့နယ်မှ ကျွန်းစိုက်ခင်းတစ်ခု

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုမှာ နှစ်စဉ်ဧက ကိုးသိန်းကျော်အထိ ရှိနေသည်ဟု ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က အမျိုးသားလွှတ်တော် န၀မ ပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့ပြီး သစ်တောများ ပြန်လည်စိုက်ပျိုးနိုင်မှုမှာ ရှစ်နှစ်အတွင်း ပုဂ္ဂလိက ကျွန်းစိုက် ခင်းနှင့် သစ်မာစိုက်ခင်းဧက တစ်သိန်းခွဲကျော်သာ ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပြီး သစ်ထုတ်လုပ်ခွင့်ရ ကုမ္ပဏီ ၁၈ ခုမှ လေးနှစ်တာကာလအတွင်း ကျွန်းစိုက်ခင်းဧက ၁၀၃၀၀ သာ ပြန်လည်စိုက် ပျိုး နိုင် ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။
သစ်ထုတ်လုပ်မှု များပြားသဖြင့် သစ်တောပြုန်းတီးမှု များပြားနေသည့်အပြင် သစ်ခိုးထုတ်နေမှုများကို တားဆီးနိုင်မှု မရှိသည့် မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခွင့် ရရှိသည့် ကုမ္ပဏီ ၁၈ ခုက ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လေးနှစ်အတွင်း ကျွန်းစိုက်ခင်း ဧက ၁၀၃၀၀ သာ ပြန်လည်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှစ၍ ပုဂ္ဂလိကကျွန်းနှင့် သစ်မာစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးခွင့်ပြုခဲ့ရာ လက်ရှိတွင် ပုဂ္ဂလိကကျွန်းစိုက်ခင်း ၁၀၇၄၅၃ ဧက နှင့် ပုဂ္ဂလိက သစ်မာစိုက်ခင်း ၄၆၁၈၀ ဧက ပြန်လည် စိုက်ပျိုးခဲ့ပြီး စတင်စိုက်ပျိုးခွင့်ပြုသည်မှ ခြောက်နှစ်တာ ကာလအတွင်း ဧကတစ်သိန်းခွဲကျော်အထိ ပြန် လည်စိုက်ပျိုး နိုင်ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀ ပြည့်နှစ် သစ်တောဖုံးလွှမ်းမှုမှာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းဖြစ်ပြီး နှစ်စဉ်ပျှမ်းမျှ သစ်တောပြုန်းတီးမှုမှာ ဧကကိုးသိန်းကျော်ဖြစ်ကာ ကမ္ဘာပေါ်ရှိ နှစ်စဉ်သစ်တောဧရိယာ အများဆုံးပျက်စီး သည့် ၁၀ နိုင်ငံစာရင်းတွင် အဆင့်ရှစ်နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား နိုင်ငံတော်ပိုင်ဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းမှ လုပ် ကိုင်နေပြီး ပုဂ္ဂလိကသစ် ထုတ်ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား ကန်ထရိုက်စနစ်ဖြင့် စိစစ် ခွင့်ပြုပေးနေကြော င်း သိရသည်။

Eleven Media Group

No comments:

Post a Comment