Tuesday 22 April 2014

“လုရှော”ကိုခေါ်ယူဖို့ နီးစပ်နေသည့် မန်ချက်စတာယူနိုက်တက်

Photo: “လုရှော”ကိုခေါ်ယူဖို့ နီးစပ်နေသည့် မန်ချက်စတာယူနိုက်တက်
Tuesday, April 22, 2014

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆောက်သမ်တန် နောက်ခံကစားသမား“လုရှော”ကို ခေါ်ယူနိုင်ဖို့
 
နီးစပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။အဆိုပါ အသက်(၁၈)နှစ်အရွယ် အင်္ဂလန်လူငယ်နောက်ခံကစားသမား ယခုနှစ်ရာသီ ဆောက်သမ်သန်အသင်းမှာ အထူးခြေစွမ်းပြကစားနေတာကြောင့် ဥရောပအသင်းကြီးများရဲ့ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ “လုရှော”ကို အခြားအသင်းများထက် လက်ဦးမှုရယူပြီး ပေါင်သန်း(၃၀)နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။
 
မန်ချက်စတာယူနိုက်အသင်းဟာ “လုရှော”ကို တစ်ပတ်ပေါင် (၈)သောင်းကျော် ပေးချေသွားမှာဖြစ်ပြီး “လုရှော”ကလည်း မန်ချက်စတာယူနိုက်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရမယ်လို့ အာမခံချက် ရရှိပါက ပြောင်းရွှေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။ မန်ချက် စတာယူနိုက်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့အသုံးစရိတ်အဖြစ် ပေါင်သန်း (၁၀၀)ခန့် သုံးစွဲသွားမှာဖြစ်ပြီး အသင်းမှ ထွက်ခွာဖွယ်ရှိနေတဲ့ ကစာသးမားများနေရာကို အစားထိုးခေါ်ယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
 
အသင်းရဲ့ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ “ဗီဒစ်”၊ “ဖာဒီနန်”၊ “အီဗရာ”တို့ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရရှိသေးတာ ကြောင့် “လုရှော”တို့လို အရည်အသွေးမြင့် လူငယ်တွေကို ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်အသင်း တာဝန်ရှိသူများဟာ ယခုနှစ်ရာသီရလဒ်ဆိုးရွားနေမှုကို လာမယ့်ရာသီမှာ ချေဖျက်နိုင်ဖို့အတွက် ပေါ်တူဂီကလပ် စပို့တင်းလစ်ဘရွန်းအသင်းရဲ့ တောင်ပံ ကစားသမား“ကာဗယ်ဟို”ကိုလည်း ပေါင်(၃၇)သန်းနဲ့ ခေါ်ယူဖို့ကြိုးစားနေကြောင်း သိရပါတယ်။
 
အင်္ဂလန်နောက်ခံကစားသမား “လုရှော”ဟာ ယခုနှစ်ရာသီမှာ ဆောက်သမ်တန်အသင်းအ တွက် (၃၄)ပွဲထိပါဝင်ကစားထားတာဖြစ်သလို အင်္ဂလန် လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရသူဖြစ်ကြောင်း သတင်းရရှိပါတယ်။ 

MRTV-4
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း ဟာ ဆောက်သမ်တန် နောက်ခံကစား သမား“လုရှော”ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။အဆိုပါ အသက်(၁၈)နှစ် အရွယ် အင်္ဂလန်လူငယ်နောက်ခံကစားသမား ယခုနှစ်ရာသီ ဆောက်သမ်သန်အသင်းမှာ အထူးခြေ စွမ်းပြကစားနေတာကြောင့် ဥရောပအသင်းကြီးများရဲ့ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။ မန်ချက် စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ “လုရှော”ကို အခြား အသင်းများထက် လက်ဦးမှုရယူပြီး ပေါင်သန်း(၃၀)နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်အသင်းဟာ “လုရှော”ကို တစ်ပတ်ပေါင် (၈)သောင်းကျော် ပေးချေသွားမှာဖြစ်ပြီး “လုရှော”ကလည်း မန်ချက်စတာယူနိုက်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရမယ်လို့ အာမခံချက် ရရှိပါ က ပြောင်းရွှေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။ မန်ချက် စတာယူနိုက်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အပြောင်း အရွှေ့အသုံးစရိတ်အဖြစ် ပေါင်သန်း (၁၀၀)ခန့် သုံးစွဲသွားမှာဖြစ်ပြီး အသင်းမှ ထွက်ခွာ ဖွယ်ရှိနေတဲ့ ကစာသးမားများနေရာကို အစားထိုးခေါ်ယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အသင်းရဲ့ ၀ါရင့်ကစားသမားတွေဖြစ်တဲ့ “ဗီဒစ်”၊ “ဖာဒီနန်”၊ “အီဗရာ”တို့ဟာ အသင်းနဲ့စာချုပ်သက်တမ်း တိုးဖို့ သဘောတူညီမှုမရရှိသေးတာ ကြောင့် “လုရှော”တို့လို အရည်အသွေးမြင့် လူငယ်တွေ ကို ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်အသင်း တာဝန်ရှိသူများဟာ ယခုနှစ်ရာသီရလဒ်ဆိုးရွားနေမှုကို လာမယ့်ရာသီမှာ ချေဖျက်နိုင်ဖို့အတွက် ပေါ်တူဂီကလပ် စပို့တင်းလစ်ဘရွန်း အသင်းရဲ့ တောင်ပံ ကစားသမား“ကာဗယ်ဟို”ကိုလည်း ပေါင်(၃၇)သန်း နဲ့ ခေါ်ယူဖို့ကြိုးစားနေကြောင်း သိရပါတယ်။

အင်္ဂလန်နောက်ခံကစားသမား “လုရှော”ဟာ ယခုနှစ်ရာသီမှာ ဆောက်သမ်တန်အသင်းအ တွက် (၃၄)ပွဲထိပါဝင်ကစားထားတာဖြစ်သလို အင်္ဂလန် လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထား ရသူဖြစ်ကြောင်း သတင်းရရှိပါတယ်။

MRTV-4

No comments:

Post a Comment