Tuesday 22 April 2014

ရွှေနန်းတော်ကျောင်း ပြန်လည်ပြင်ဆင်မည်

Photo: ရွှေနန်းတော်ကျောင်း ပြန်လည်ပြင်ဆင်မည်

မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံ မြို့နယ်ရှိ ရွှေနန်းတော်ကျောင်းကို ဧပြီ နောက်ဆုံးပတ်မှ စတင်ကာ ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ အမေရိကန်နိုင်ငံ
အခြေစိုက် World Monument Funds အဖွဲ့က ၂ဝ၁၃ ခုနှစ် အောက်တိုဘာမှ စတင်ကာ  ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေးအတွက် ပဏာမသုတေသန မှတ်တမ်းများ၊   အချက်အလက်များ ကောက်ယူခဲ့သည်။

ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အမေရိကန်နိုင်ငံ ရှေးဟောင်း သုတေသန ပညာရှင်များ၊ မန္တလေး နည်းပညာ တက္ကသိုလ် ဗိသုကာပညာဌာနမှ ပညာရှင်များ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသန ဌာနမှ ပညာရှင်များ၊ မန္တလေးမြို့ရှိ မြန်မာမှု ပညာရှင် ကုမ္ပဏီမှ ဦးဝင်းမောင်၊ ဦးအေးမြင့်တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်၏ သံတမန်ဆိုင်ရာ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပြုပြင်ထိန်းသိမ်းခြင်း ဖြစ်သည်။ ရွှေနန်းတော်ကျောင်း ကို ရေရှည် တည်တံ့ ခိုင်မြဲရေး၊ မီးဘေးကာကွယ်ရေး၊ ကျောင်းပေါ်ရှိ သစ်ထွင်း ရေတံလျှောက်များ ရေစီးရေလာ ကောင်းမွန်ရေး ပြုပြင်သွားမည် ဖြစ်ကြောင်း   သိရသည်။
မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံ မြို့နယ်ရှိ ရွှေနန်းတော်ကျောင်းကို ဧပြီ နောက်ဆုံးပတ်မှ စတင်ကာ ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ အမေရိကန်နိုင်ငံအခြေစိုက် World Monument Funds အဖွဲ့က ၂ဝ၁၃ ခုနှစ် အောက်တိုဘာမှ စတင်ကာ ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး အတွက် ပဏာမသုတေသန မှတ်တမ်းများ၊ အချက်အလက်များ ကောက်ယူခဲ့သည်။
ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အမေရိကန်နိုင်ငံ ရှေးဟောင်း သုတေသန ပညာ ရှင်များ၊ မန္တလေး နည်းပညာ တက္ကသိုလ် ဗိသုကာပညာဌာနမှ ပညာရှင်များ၊ ယဉ်ကျေးမှု ဝန်ကြီး ဌာန ရှေးဟောင်းသုတေသန ဌာနမှ ပညာရှင်များ၊ မန္တလေးမြို့ရှိ မြန်မာမှု ပညာရှင် ကုမ္ပဏီမှ ဦးဝင်းမောင်၊ ဦးအေးမြင့် တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် သည်။ ရွှေနန်းတော်ကျော င်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်၏ သံတမန်ဆိုင်ရာ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပြုပြင်ထိန်း သိမ်းခြ င်း ဖြစ်သည်။ ရွှေနန်းတော်ကျောင်း ကို ရေရှည် တည်တံ့ ခိုင်မြဲရေး၊ မီးဘေး ကာကွယ်ရေး ၊ ကျောင်းပေါ် ရှိ သစ်ထွင်း ရေတံလျှောက်များ ရေစီးရေလာ ကောင်း မွန်ရေး ပြုပြင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment