Tuesday 22 April 2014

နွေကာလအပူချိန်ပြင်းချိန် ရေသန့်နှင့် အချိုရည်ဈေးကွက် ကြီးထွားလာ

ယခုရက်ပိုင်းနေ့ အချိန်အပူချိန်မှာ ၄၂ ဒီဂရီစင်တီဂရိတ်၊ ၄၄ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိလာသည့် အတွက် သောက်ရေသန့် အသုံးပြုမှုများလာချိန်တွင်အချို့သောအမှတ်တံဆိပ်များ၊ စက်ရုံများမှ သောက်ရေ သန့် ဈေးကွက်သို့ထုတ်လုပ်ပေးမှုနည်းလာသည်မှာ တစ်လဝန်းကျင်ရှိလာကြောင်း၊ ယင်း တံ ဆိပ်သောက်ရေ သန့်များ ဈေးကွက်တွင် ဈေးနှုန်းတက်လာသည်ဟု ရန်ကုန်မြို့လယ်ရှိသောက်ရေသန့် အရောင်း ဆိုင်ကြီးများက ဆိုသည်။
တစ်လီတာသောက်ရေသန့် ခြောက်လုံးပါတစ်ကတ်လျှင် ဈေးကွက်တွင်နေရာရပြီးသော အမှတ်တံဆိပ်မှာ ၁၀၅၀ကျပ်နှုန်းဖြင့် စက်ရုံမှရောင်းချနေရာဈေးကွက်သို့ စက်ရုံမှပေးပို့သော အရေအတွက်နှင့်ဈေးနှုန်း မှာ ပြောင်းလဲမှုမရှိကြောင်း၊ သောက်ရေသန့် ဈေးကွက်တွင် ရောင်းအားကောင်းသော အမှတ်တံဆိပ် များ ဈေးကွက်သို့ ပေးပို့နှုန်းကျဆင်းလာသည်မှာ ဈေးနှုန်းတက်ရန်ရည်ရွယ်ခြင်းဖြစ်နိုင်သော်လည်း နာမည် မရသေး သော အမှတ်တံဆိပ်များဈေးကွက်ရလာနိုင်သည်ဟု လက်လီရောင်းချသူတစ်ဦးက ဆိုသည်။

ရေခဲတုံးဈေးနှုန်းမှာ ၂၀၁၃ခုနှစ် နွေကာလ လျှပ်စစ်မီးမမှန်သည့်အတွက်ပေါင် ၃၀၀ ရေခဲတုံး တစ်တုံးလျှင် စက်ရုံဈေး ငွေကျပ် ၆၀၀၀ ဖြစ်ခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် ငွေကျပ် ၂၅၀၀ဈေးနှုန်းသာရှိကြောင်း၊ ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ငွေကျပ် ၂၀၀၀ နှုန်းသာရှိရာမှ လျှပ်စစ်မီတာခနှုန်းတက်မည်ဆိုသောသတင်းကြော င့် ငွေကျပ် ၃၀၀၀နှုန်းသို့ တိုးမြှင့်ပြီး မီတာခ မတက်ဆိုသောသတင်းအရ ယနေ့ဈေးနှု န်း ငွေကျပ် ၂၅၀၀ သို့ ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း၊ ရေတို့ ရေခဲတုံး အလေးချိန် ၁ ကီလိုဂရမ်လျှင် ယခင်နှစ်ကုန် ပိုင်းငွေကျပ် ၅၀ နှုန်းရှိရာမှ ယခုအခါ ငွေကျပ် ၇၀ နှုန်းသို့ ဈေးပြင်လာကြောင်းသိရသည်။

အချိုရည်ဈေးကွက်တွင် ပြည်ပမှတင်သွင်းလာသော အားဖြည့်အချိုရည်သံဘူး ၂၄လုံးပါ တစ်ကတ် လျှင် ငွေ ကျပ် ၁၀၅၀၀ဖြင့် ဈေးနှုန်းမပြောင်းလဲသော်လည်း ပြည်တွင်းထုက် ၂၄ လုံးပါ အားဖြည့်အချိုရည်သံဘူး တစ်ကတ်လျှင်ယခင် ငွေကျပ် ၁၀၅၀၀ နှုန်းမှ ယခုအခါ ငွေကျပ် ၁၂၈၀၀ နှုန်းသို့ ဈေးမြင့်တက်လာကြောင်း အချိုရည်ဈေးကွက်မှ သိရသည်။

၅၀၀ မီလီလီတာအချိုရည် ၁၂ လုံးပါ တံဆိပ်မျိုးစုံကော်ဘူးကတ်ဈေးကွက်တွင် ယခင်နှစ်က သုံးကတ် ဝယ်လျှင် တစ်ကတ်လက်ဆောင်အပိုပေးခဲ့ရာမှရောင်းအားကောင်းလာသဖြင့် ငါးကတ်ဝယ်လျှင် တစ် ကတ်နှုန်းသာ လက်ဆောင်ပေးကြောင်း၊ ပြည်ပမှ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာသောနာမည်ရ အချိုရည်ကော်ဘူးများမှာ ပြည်တွင်းထုတ်အချိုရည်များနည်းတူ ၁၂လုံးပါ တစ်ကတ်လျှင် ငွေကျပ် ၃၀၀၀ ဝန်းကျင် ရှိသော်လည်း အရွယ်အစားမှာ၄၂၅ မီလီလီတာသာရှိကြောင်း၊ ရှေးခေတ်ကတည်း က ဈေး ကွက်တွင် ပုလင်းဖြင့် ရောင်းချ သော အချိုရည်မှာ ၂၈၀ မီလီလီတာသာရှိကြောင်း၊ မိုးမကျမီ ရာသီဥတု ပူပြင်းချိန်တွင် သောက်ရေသန့်နှင့် အချိုရည်ဈေးကွက်ကြီးထွားလာသဖြင့် ထုတ်လုပ်သူလုပ်ငန်းရှင်များ အကျိုးအမြတ် များစွာရရှိသကဲ့သို့ ရောင်းချသူများ အလုပ်အကိုင်အဆင်ပြေကြောင်း ဈေးကွက်မှ သိရသည်။
လက်လီဝယ်ယူသောက်သုံးသူများအနေဖြင့် တစ်လီတာသောက်ရေသန့်တစ်ဘူးလျှင် တံဆိပ်ပေါ် မူတည် ၍ ငွေကျပ် ၃၀၀ မှ ၄၀၀ အတွင်း၊ အားပြည့်အချိုရည် သံဘူးတစ်ဘူးလျှင် ငွေကျပ် ၆၀၀ မှ ၇၀၀ အတွင်း၊ ၂၈၀ မီလီလီတာအချိုရည်ဖန်ပုလင်းတစ်ပုလင်းလျှင် ငွေကျပ် ၃၀၀ မှ ၅၀၀ နှင့် ၄၂၅ မီလီလီတာ အချိုရည် ကော်ပုလင်းတစ်ပုလင်းလျှင် ငွေကျပ် ၄၀၀၊ ရေသန့်ရေခဲတစ်ကီလိုဂရမ်လျှင် ငွေကျပ် ၁၀၀ နှုန်း ဝယ်ယူရ သည်ဟု သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment