Tuesday 22 April 2014

စစ်ပြီးခေတ်အကြွေးနှင့်ပတ်သက်၍ဂျပန်ကုန်သင်္ဘောကို တရုတ် ဖမ်းဆီး

စစ်ပြီးခေတ်အကြွေးတစ်ရပ်နှင့်စပ်လျဉ်း၍ တရုတ် နိုင်ငံက ဂျပန်ကုန်သင်္ဘောတစ်စင်းကို ဖမ်းဆီးထားခြင်း သည် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများဆက်ဆံမှုကို ထိခိုက် နိုင်ကြောင်း ဂျပန်အစိုးရ ထိပ်တန်း ပြောရေး ဆိုခွင့် ရှိသူက သတိပေးလိုက်သည်။
ရှန်ဟိုင်းရေကြောင်းသွားလာရေးဆိုင်ရာ တရားရုံးက မစ်ဆူအီအိုအက်စ်ကေကုမ္ပဏီပိုင် 'ဘာအိုစတီး အီမိုး ရှင်း' သင်္ဘောကို ဖမ်းဆီးခဲ့ကြောင်း စနေနေ့တွင် ပြောကြား ခဲ့သည်။

ယင်းသို့ဖမ်းဆီးခြင်းသည် ၁၉၃၆ ခုနှစ်၌ ငှားရမ်းခဲ့ သော တရုတ်သင်္ဘောနှစ်စင်းအတွ က် လျော်ကြေးေ ငွ ပေးခြင်းမရှိသည့်ကိစ္စနှင့် ဆက်နွှယ်လျက်ရှိသည်။

အဆိုပါသင်္ဘောနှစ်စင်းကို နောက်ပိုင်းတွင် ဂျပန် စစ်ဘက်က အသုံးပြုခဲ့ပြီး ပင်လယ်ပြင်၌ နစ်မြုပ်သွား ခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်ကျိုဒိုသတင်းဌာနက ပြောသည်။

မစ်ဆူအီကုမ္ပဏီပိုင်သင်္ဘောကို ထိုသို့ ရုတ်တရက် ဖမ်းဆီးလိုက်ခြင်းသည် အလွန့်အလွန် ဝမ်းနည်းဖွယ် ရာဖြစ် သည်ဟု ဂျပန်အစိုးရက သဘောထားကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီဟီဒီဆူဂါက တနင်္လာနေ့တွင် ပြောသည်။

တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ အတွင်း အလုပ်လုပ်ကိုင်လျက်ရှိကြသော ဂျပန်စီးပွားရေး လုပ်ငန်းများအပေါ် အများအားဖြင့် အန္တရာယ်ကျရောက် ဖွယ်ရာရှိသည်ဟု ဆိုသည်။

အဆိုပါနစ်မြုပ်သွားခဲ့သည့် သင်္ဘောများကို ပိုင်ဆိုင် သော သင်္ဘောကုမ္ပဏီက ဒုတိယကမ္ဘာစစ်ကြီးပြီး သည့် နောက် လျော်ကြေးရရှိရန် ကြိုးစားခဲ့ကြောင်း၊ ၁၉၈၈ခုနှစ် တွင် ရှန်ဟိုင်းတရားရုံးတစ်ရုံး၌ ယင်းအမှုကို ပြန်လည် ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ဂလိုဘယ်တိုင်း(မ်)သတင်းစာ က ဖော်ပြသည်။

နောက်ပိုင်းတွင် မစ်ဆူအီကုမ္ပဏီ၏ အစိတ်အပိုင်းဖြစ် သည့် ဒိုင်ဒိုကမ္ပဏီသို့ ငှားရမ်းခဲ့သည့် သင်္ဘောနှစ် စင်း အတွက် မစ်ဆူအီက လျော်ကြေးငွေအဖြစ် ယွမ်သန်း ၁၉ဝ(အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၅ သန်း)ပေးရန် ၂ဝဝ၇ ခုနှစ်တွင် တရားရုံးက အမိန့်ချခဲ့ကြောင်း ဂလို ဘယ်တိုင်း(မ်)နှင့် ကျိုဒိုတို့ က ဖော်ပြ သည်။

မစ်ဆူအီက ၄င်းတရားရုံးအမိန့်ကို အယူခံဝင်ခဲ့သော် လည်း ၂ဝ၁၂ ခုနှစ်တွင် မူလတရားရုံးအမိန့်ကို အတည် ပြုခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ပြောသည်။

ဘီဘီစီ

No comments:

Post a Comment