Tuesday 22 April 2014

လေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများနှင့်အလှူငွေများ ထောက်ပံ့

စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့နယ် သာဒွန်းကျေးရွာ မူလတန်းကျောင်း ခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက သာဒွန်း၊ မင်းတန်း၊ နေပူကုန်းနှင့် အိုင်သာကျေးရွာ များမှ လေဘေးသင့် ပြည်သူများအား ကယ် ဆယ်ရေး ပစ္စည်းနှင့် အလှူငွေများ ထောက်ပံ့ပေး အပ်ပွဲ အခမ်းအနား ကျင်းပရာ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်၊ လူမှုရေး ဝန်ကြီး ဒေါက် တာမြင့်သိန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ မြောင်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေး ရွာသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အိမ်ထောင်စု တစ်စုလျှင် ၁၂ ပေသွပ် ၂ဝ ချပ်နှုန်းဖြင့် အိမ် ထောင်စု ၃ဝ အတွက် သွပ်ချပ်ရေ ၆ဝဝ အား လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် လူမှုရေး ဝန်ကြီးတို့က ပေးအပ်လှူဒါန်းရာ သာဒွန်းကျေးရွာမှ အိမ်ထောင်စု ၁၈ စု ကိုယ်စား ဦးနေဝင်းက လည်းကောင်း၊ မင်းတန်းကျေးရွာမှ အိမ်ထောင်စု ကိုးစုကိုယ်စား ဦးအောင် ဆန်းက လည်းကောင်း၊ နေပူကုန်း ကျေးရွာမှ အိမ်ထောင်စုနှစ်စု ကိုယ်စား ဦးမောင်ဆန်း ကလည်းကောင်း၊ အိုင်သာကျေးရွာမှ အိမ်ထောင်စုတစ်စု ကိုယ်စား ဦးဝင်းမင်းထက်က လည်းကောင်း လက်ခံ ရယူကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် အလှူရှင်များ က အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ရာ ကျေး ရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment