Tuesday 22 April 2014

ကျောင်းပြင်ပ ပညာရေးဌာနခွဲအဆင့် ယခုနှစ်အတွင်း တိုးမြှင့်မည်

Photo: ကျောင်းပြင်ပ ပညာရေးဌာနခွဲအဆင့် ယခုနှစ်အတွင်း တိုးမြှင့်မည်
Tuesday, April 22, 2014

မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာနလက်အောက် ကျောင်းပြင်ပ ပညာရေးဌာနကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ညွှန်ကြားရေးမှူး အဆင့်ထိ ပါဝင်သော ဌာနခွဲ အဆင့်အထိ တိုးမြှင့်ပြီး ဝန်ထမ်းအင်အား တိုးချဲ့သွားမည် ဖြစ်ကြောင်း အဆိုပါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေးက The Voice သို့ ပြောကြားသည်။

ဌာနခွဲအဆင့်ထိ တိုးမြှင့်ရန် ပညာရေး ဝန်ကြီးဌာနကို တင်ပြပြီးဖြစ်၍ ယခုနှစ်အတွင်း စတင်နိုင်ဖွယ် ရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ဦးဆောင်သော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲများတွင် ကျောင်းပြင်ပ ပညာရေးဌာန သီးခြားဖွဲ့စည်းရန် အဆိုပြုထားသောကြောင့် အလျင်လိုရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပညာရေး သုတေသန ပညာရှင်များက ကျောင်းပြင်ပ ပညာရေးဦးစီးဌာန အဆင့်အထိ တိုးမြှင့်ရန် အကြံပြုသော်လည်း ပညာရေးအသုံးစရိတ် လိုငွေကြောင့် ဌာနခွဲ အဆင့်ထိသာ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တိုးချဲ့မည့် ဌာနခွဲအဆင့်တွင် ညွှန်ကြားရေးမှူးအဆင့် တစ်ဦး အပါအဝင် ဒုတိယညွှန်ကြားရေးမှူး နှစ်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး နှစ်ဦးနှင့် ဦးစီးအရာရှိ ၁၀ ဦးကျော် ပါဝင်ကြောင်း ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာနက စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကျောင်းပြင်ပ ပညာရေးစီမံချက်များ ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် စတင်ခဲ့သော်လည်း ပညာရေး အသုံးစရိတ် နည်းပါးခြင်းကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသော ကလေးငယ်များကို ပညာဆက်လက် ဆည်းပူးခွင့် မပေးနိုင်သေးကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝိုင်းဝန်း ထောက်ပြကြသည်။

လက်ရှိတွင် ပညာရေး ဝန်ကြီးဌာန၏ ကျောင်းပြင်ပ အစီအစဉ်အတွက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ပြည်တွင်းအလှူရှင်များက ကူညီပံ့ပိုးလျက် ရှိသည်။

The Voice Weekly
မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာနလက်အောက် ကျောင်းပြင်ပ ပညာရေးဌာနကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ညွှန်ကြားရေးမှူး အဆင့်ထိ ပါဝင်သော ဌာနခွဲ အဆင့်အထိ တိုးမြှင့်ပြီး ဝန်ထမ်းအင်အား တိုးချဲ့သွားမည် ဖြစ်ကြောင်း အဆိုပါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေး က The Voice သို့ ပြောကြားသည်။
ဌာနခွဲအဆင့်ထိ တိုးမြှင့်ရန် ပညာရေး ဝန်ကြီးဌာနကို တင်ပြပြီးဖြစ်၍ ယခုနှစ်အတွင်း စတင်နိုင်ဖွယ် ရှိကြော င်း ပညာရေးဝန်ကြီးဌာနက ဦးဆောင်သော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ေ ရး ဆွေးနွေး ပွဲ များတွင် ကျောင်းပြင်ပ ပညာရေးဌာန သီးခြားဖွဲ့စည်းရန် အဆိုပြု ထားသောကြော င့် အလျင် လို ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပညာရေး သုတေသန ပညာရှင်များက ကျောင်းပြင်ပ ပညာရေးဦးစီးဌာန အဆင့်အထိ တိုးမြှင့်ရန် အကြံပြုသော်လည်း ပညာရေးအသုံးစရိတ် လိုငွေကြောင့် ဌာနခွဲအဆင့်ထိသာ တိုးမြှင့်ရန် စီစဉ်m ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တိုးချဲ့မည့် ဌာနခွဲအဆင့်တွင် ညွှန်ကြားရေးမှူးအဆင့် တစ်ဦး အပါအဝင် ဒုတိယညွှန်ကြားရေးမှူး နှစ်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး နှစ်ဦးနှင့် ဦးစီးအရာရှိ ၁၀ ဦးကျော် ပါဝင်ကြောင်း ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာနက စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ကျောင်းပြင်ပ ပညာရေးစီမံချက်များ ၁၉၉၈ ခုနှစ် နောက်ပိုင်းတွင် စတင်ခဲ့သော်လည်း ပညာရေး အသုံးစရိတ် နည်းပါးခြင်းကြောင့် ကျောင်းပြင်ပ ရောက်ရှိနေသော ကလေးငယ်များကို ပညာ ဆက်လက် ဆည်းပူးခွင့် မပေးနိုင်သေးကြောင်း ပညာရေး အသိုင်းအဝိုင်းက ဝိုင်းဝန်း ထောက်ပြကြသည်။

လက်ရှိတွင် ပညာရေး ဝန်ကြီးဌာန၏ ကျောင်းပြင်ပ အစီအစဉ်အတွက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) နှင့် ပြည်တွင်းအလှူရှင်များက ကူညီပံ့ပိုးလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment