Tuesday 22 April 2014

မန္တလေး အိမ်ခြံမြေ ဈေးကွက်ပြန်လည် ကောင်းမွန်လာ ရင်းနှီး မြှုပ်နှံသူများပြား

Photo: မန္တလေး အိမ်ခြံမြေ ဈေးကွက်ပြန်လည် ကောင်းမွန်လာ ရင်းနှီး မြှုပ်နှံသူများပြား

မန္တလေး အိမ်ခြံမြေ ဈေးကွက်သည် သင်္ကြန်မတိုင်မီအထိ အေးစက်နေခဲ့ရာမှ ငွေရှင်များ မြေကွက် ဝယ်ယူရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်လာသဖြင့် သင်္ကြန်ပြီး
မန္တလေးဝန်းကျင် မြေကွက်များ ဝယ်ယူရန် စုံစမ်းလေ့လာမှုများ ပြုလုပ်လာသဖြင့် မြေဈေးကွက် ပြန်လည် ကောင်းမွန်လာသည်။

မန္တလေး အိမ်ခြံမြေ ဈေးကွက် အနေအထားအရ တန်ဖိုးကြီးသော မြို့တွင်းပိုင်း တိုက်ခြံမြေများ အရောင်းအဝယ် အေးပြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ်၊ ရတနာပုံမြို့သစ်၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းမြို့သစ်တို့တွင် ပေ ၃ဝx ပေ ၄ဝ မြေကွက်မှာ ငွေကျပ် သိန်း ၄ဝဝ ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက်လျက် ရှိသည်။ ချမ်းမြသာစည်မြို့နယ် ကံသာယာမြို့သစ်၊  အောင်သာယာ မြို့သစ်တို့လည်း ပေ ၄ဝ x ပေ ၆ဝရှိ ရေမီးအစုံ မြေကွက်များကို ငွေကျပ် သိန်း ၈ဝဝ ဝန်းကျင်ဖြင့် ဝယ်ယူနေထိုင်ကြသည်။ မန္တလေးမြို့တွင်း ဧရိယာ တိုက်ပါ ရေမီးဖုန်း (အစုံ) ၇၃ လမ်း၊ မင်္ဂလာဈေးအနီး ငွေကျပ် သိန်း ၁၆၅ဝဝ ဖြင့် လည်းကောင်း၊ ရန်ကုန်- မန္တလေးလမ်း ကျွဲဆည်ကန် (၁) လမ်းတွင် ပေ ၆ဝ x ပေ ၈ဝ ရေမီးအစုံ တိုက်ပါ ငွေကျပ်သိန်း ၂၅ဝဝဝ ဖြင့်လည်းကောင်း၊ အောင်မြေသာဇံမြို့နယ်  နန်းရှေ့ငွေကျပ် သိန်း ၉ဝဝဝ ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူလျက် ရှိကြောင်း သိရသည်။
မန္တလေး အိမ်ခြံမြေ ဈေးကွက်သည် သင်္ကြန်မတိုင်မီအထိ အေးစက်နေခဲ့ ရာမှ ငွေရှင်များ မြေကွက် ဝယ်ယူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်လာ သဖြင့် သင်္ကြန်ပြီး မန္တလေးဝန်းကျင် မြေကွက်များ ဝယ်ယူရန် စုံစမ်းလေ့ လာမှုများ ပြုလုပ်လာသဖြင့် မြေဈေးကွက် ပြန်လည် ကောင်းမွန်လာသည်။
မန္တလေး အိမ်ခြံမြေ ဈေးကွက် အနေအထားအရ တန်ဖိုးကြီးသော မြို့တွင်းပိုင်း တိုက်ခြံမြေများ အရောင်း အဝယ် အေးပြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာမြို့သစ်၊ ရတနာပုံမြို့သစ်၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်း ကုန်းမြို့သစ်တို့တွင် ပေ ၃ဝx ပေ ၄ဝ မြေကွက်မှာ ငွေကျပ် သိန်း ၄ဝဝ ဝန်းကျင်ဖြင့် အရောင်း အဝယ်သွက်လျက် ရှိသည်။ ချမ်းမြသာစည်မြို့နယ် ကံသာယာမြို့သစ်၊ အောင်သာယာ မြို့သစ်တို့လည်း ပေ ၄ဝ x ပေ ၆ဝရှိ ရေမီးအစုံ မြေကွက်များကို ငွေကျပ် သိန်း ၈ဝဝ ဝန်းကျင်ဖြင့် ဝယ်ယူနေထိုင်ကြသည်။ မန္တလေးမြို့တွင်း ဧရိယာ တိုက်ပါ ရေမီးဖုန်း (အစုံ) ၇၃ လမ်း၊ မင်္ဂလာဈေးအနီး ငွေကျပ် သိန်း ၁၆၅ဝဝ ဖြင့် လည်းကောင်း၊ ရန်ကုန်- မန္တလေးလမ်း ကျွဲဆည်ကန် (၁) လမ်းတွင် ပေ ၆ဝ x ပေ ၈ဝ ရေမီးအစုံ တိုက်ပါ ငွေကျပ်သိန်း ၂၅ဝဝဝ ဖြင့်လည်းကောင်း၊ အောင်မြေသာဇံမြို့နယ် နန်းရှေ့ငွေကျပ် သိန်း ၉ဝဝဝ ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံသူများက ဝယ်ယူလျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment