Thursday 14 May 2015

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ဆန္ဒပြသူ ခြောက်ဦးကို မေလ ၁၅ ရက်တွင် အမိန့်ချမည်

လက်ပံတောင်းတောင်အရေးအတွက် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြနေကြစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လက်ပံတောင်းတောင်တွင် သေနတ်ထိမှန်သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအတွက် အမှုမှန် ဖော်ထုတ်ပေးရေး နှင့် လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်း ရေးအတွက် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုသော ကြောင့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခံထားရသူ ခြောက်ဦးကို ဒဂုံမြို့နယ် တရားရုံးက မေလ ၁၅ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဒေါ်ခင်ဝင်းသေနတ်ထိမှန် သေဆုံးခြင်းကြောင့် အမှုမှန်ဖော် ထုတ်ပေးရေးနှင့် လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးတို့ အတွက် ဦးနေမျိုးဇင်၊ ကိုတင်ထွဋ်ပိုင်၊ ဦးသန်းဆွေ၊ ဒေါ်နော်အုံးလှ၊ ဒေါ်လေးလေး နှင့် ဒေါ်စိန်ထွေး တို့သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲ ဦးဆောင် သူ ခြောက်ဦးကို ဒဂုံမြို့နယ်ရဲတပ် ဖွဲ့က ပုဒ်မ ၁၈(ငြိမ်းစုစီ)၊ ဆူပူလှုံ့ ဆော်မှု ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခဲ့ပြီး မေလ ၁၅ ရက်တွင် အပြီးသတ် အမိန့်ချမည် ဖြစ်သည်။

‘‘ဒေါ်ခင်ဝင်းသေနတ်ထိမှန် တာကို အမှုမှန်ဖော်ထုတ်ပေးဖို့ ဆန္ဒပြတာပါ။ ဒါကလည်း အမှန် တကယ်ဖြစ်ခဲ့ တာပဲလေ။ အဲဒါကို တရုတ်သံရုံးရှေ့မှာ ဆန္ဒပြလို့ ပုဒ်မ လေးခုနဲ့ တရားစွဲထားတာပါ။ မေလ ၁၅ ရက်နေ့မှာ အမိန့်ချမှာပါ’’ ဟု တရားစွဲဆိုခံရသူ ခြောက်ဦးဘက်မှ လိုက်လံဆောင်ရွက်ပေးနေသော တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

တရားစွဲဆို ခံထားရသည့် ခြောက်ဦးအနက် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုံးလှတို့မှာ ကျန်းမာရေး ပြဿနာ များဖြစ်ပေါ်နေကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

‘‘ဦးနေမျိုးဇင်က ခါးနာတဲ့ ရောဂါဖြစ်နေတာ ကြာပြီ။ ဒေါ် နော်အုံးလှကလည်း လည်ပင်း ကျီးပေါင်းတက်တာ နဲ့ ခါးနာနေ ကြတာပါ။ သူတို့အတွက် ဆေးဝါး ကုသတာလည်း လွတ်လွတ်လပ် လပ်လုပ်ဆောင်မရတော့ ရောဂါ က ပိုဆိုးနေတာပေါ့’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင်နယ်မြေ အတွင်း တစ်ကျော့ပြန် ဖြစ်ပွား သည့် အဓိကရုဏ်းတွင် မြေယာ လျော်ကြေးရယူခြင်း မရှိသော လယ်ယာမြေပေါ်၌ ခြံစည်းရိုးခတ်ခြင်း ကို ရွာသားများ တားဆီးရာမှ ဒေသခံများနှင့် ရဲတပ်ဖွဲ့များအ ကြား အပြန်အလှန် ပစ်ခတ်တိုက် ခိုက်ရာ ရဲတပ်ဖွဲ့မှ ပစ်လိုက်သော သေနတ်ကျည်ဆန်သည် ဒေါ်ခင်ဝင်း၏ဦးခေါင်းကို ထိမှန်ကာ သေဆုံးခဲ့သည်။

7Day DAILY 

No comments:

Post a Comment