Thursday 14 May 2015

ထိုင်းနိုင်ငံရှိစက်ရုံတွင် ပိတ်လှောင်၍စေခိုင်းခံရသော မြန်မာလုပ်သား လေးဆယ်ကျော်ကို ထိုင်းရဲတပ်ဖွဲ့ကယ်တင်

ထိုင်းရဲတပ်ဖွဲ့က စက်ရုံသို့ဝင်ရောက်စီးနင်းနေစဉ်(ဓာတ်ပုံ-MAT) 
ထိုင်းနိုင်ငံ မဟာချိုင်မြို့ နယ်ရှိ ပုစွန်အခွံခွာသည့် အလုပ်ရုံတွင် လူကုန်ကူးခံရပြီး သုံးနှစ်ခန့် ကြာ ပိတ် လှောင် ထားကာအလုပ် စေခိုင်းခံနေရသော မြန်မာလုပ်သား ၄၀ ကျော်ကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့(MAT)နှင့်ထိုင်းရဲတပ်ဖွဲ့တို့ကမေလ ၁၂ ရက်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။

ပုစွန်အခွံခွာသည့် အလုပ်ရုံတွင် ပိတ်လှောင်ခံထားရသော မြန်မာလုပ်သား ၄၄ ဦးသည် ၂၀၁၃ ကတည်းက လူကုန်ကူးခံရခြင်းဖြစ်ပြီး ၎င်းတို့အနက်ဒဏ်ရာရရှိထားသော မြန်မာလုပ်သား တစ်ဦးသည် မေလ ၅ ရက်တွင်အ လုပ်ရုံမှထွက်ပြေးလာကာ မဟာချိုင်ရှိ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့(MAT)ရုံးသို့ ရောက်ရှိလာကြောင်း MAT မှအ မှုဆောင်ဒါရိုက်တာ ဦးကျော် သောင်းက ပြောသည်။

ပိတ်လှောင်ခံနေရသော မြန် မာလုပ်သား ၄၀ ကျော်ကို ကယ်တင်နိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးနှင့် MAT အဖွဲ့တို့သည် မဟာချိုင်ရှိ ထိုင်းစစ်တပ်ထံ အချက်အလက်များပေးပို့ပြီး အကူအညီ တောင်းခံခဲ့သော်လည်း အဆိုပါ ပုစွန်စက်ရုံသို့ ၀င်ရောက် စီးနင်းနိုင်ခြင်းမရှိခဲ့ကြောင်း ဦး ကျော်သောင်းက ပြောသည်။

ထိုင်းစစ်တပ်က အလုပ်ရုံသို့ဝင်ရောက်စီးနင်းခြင်းမရှိသောကြောင့် ထွက်ပြေးလာသော မြန် မာလုပ်သား တစ်ဦး အား မဟာချိုင် ရှိ ထိုင်းရဲတပ်ဖွဲ့ထံပြသ၍ အကူအ ညီတောင်းခံပြီး မေလ ၁၂ရက်တွင် အလုပ်ရုံသို့ ၀င်ရောက်စီးနင်းကာကယ်ထုတ်နိုင်ခဲ့ကြောင်း ဦးကျော်သောင်းက ဆိုသည်။

‘‘ကျွန်တော်တို့ ရုံးကိုထွက်ပြေး ရောက်ရှိလာသူဟာ လုပ်ငန်းရှင် ကလက်ထိတ်နဲ့ရိုက်လို့နားစုတ်ပြဲ သွားပြီး ဒဏ်ရာရရှိလာတဲ့သူဖြစ်တယ်။ အဲဒီအလုပ်ရုံထဲမှာ ပြန် ပြောလို့ဆိုပြီး အလုပ်သမားတစ် ယောက်ကို လုပ်ငန်းရှင်က သေ နတ်နဲ့ နားထင်ကိုတေ့ပြီး နားရင်း ကိုရိုက်ပါတယ်။ အဲဒီတစ်ယောက် ထွက်ပြေးသွားလို့ မသိရကောင်း လားလို့ဆိုပြီး ကျန်တဲ့အလုပ်သ မားတွေကို ၁၀ ရက်လောက်အခန်း ပိတ်ထား လိုက်တာ ရှိတယ်။ ထိုင်း မှာ တော်ရုံနဲ့အလုပ်ရုံကို ၀င်မစီး ကြဘူး။ ကျွန်တော်တို့ တိုက်တွန်း ရတာ ပင်ပန်းပါတယ်။ ဒါတောင် မြန်မာသံရုံးကရပ်ပေးနေလို့အားရှိတာ’’ဟု ၎င်းက ပြောသည်။

MAT အဖွဲ့သည် ၂၀၁၅ အ တွင်း လူကုန်ကူးမှုဖြစ်စဉ်ကို ရှစ် ကြိမ်ကယ်တင်နိုင်ခဲ့ရာ မြန်မာလုပ် သား ၆၀ ကျော်ကယ်တင်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment