Thursday 14 May 2015

မန်းတွင် စိန်ရွှေနှင့်ကျောက်မျက်ရတနာ စုဝေးရောင်းချမည့်ဈေးတစ်ခု ဖွင့်လှစ်ရန် စီစဉ်

မန္တလေးမြို့တွင် စိန်၊ ရွှေနှင့် ကျောက်မျက်ရတနာများ စုဝေးရောင်းချမည့် Mandalay Yatanar Mall ဖွင့်လှစ်ရန် စီစဉ် နေကြောင်း သတင်းရရှိသည်။ Mandalay Yatanar Mall ကို ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ ရတနာပုံစူပါစင်တာ ဒုတိယထပ်၌ ၂၀၁၆မတ်လ ၃၁ ရက်တွင် စတင်ဖွင့်လှစ် နိုင်ရန် စီစဉ်နေကြောင်း Relax Business Group မှ တာဝန်ရှိသူက ပြောသည်။

Mandalay Yatanar Mall တွင် ကျောက်စိမ်း၊ နီလာ၊ မြ၊ ပုလဲ၊ပတ္တမြား၊ အင်ကြင်းကျောက် စသည့် ကျောက်မျက်ရတနာဆိုင်များ၊ စိန်ဆိုင်များ၊ ရွှေဆိုင်များ၊ မြန်မာ့ပိုးထည်၊ ပန်းချီ၊ ပန်းပု၊ ယွန်းထည်၊ ရှေးဟောင်းပစ္စည်း အရောင်းဆိုင်များနှင့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းဆိုင်များ ပါဝင်မည် ဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူ များက ပြောသည်။ 

Mandalay Yatanar Mall တွင် ဆိုင်ခန်းပေါင်း ၃၈၉ ခန်း၊ ဘဏ်နှင့် စားသောက်ဆိုင်များ လည်း ပါဝင် မည်ဖြစ်ကာ ကျောက်မျက်ရ တနာရောင်းသူ များ ဆိုင် ပိတ်ချိန်တွင် မိမိတို့၏ ကျောက် မျက်ရတနာများ သိမ်းဆည်းထား နိုင်သော မီးခံသေတ္တာဝန်ဆောင် မှုပါဝင်မည်ဟု ဆိုသည်။ MandalayYatanar Mall ဖွင့်လှစ်မည့်နေရာသည် ယခင်က ရတနာပုံဈေးကြီးဖြစ်ပြီး ၂၀၀၈ ဖေဖော်ဝါရီ ၂၅ ရက်က မီးလောင် ကျွမ်း၍ ပျက်စီးခဲ့သည်။ ယင်းနေရာတွင် ရတနာပုံစူပါစင်တာနှင့်အတူ ဒိုင်းမွန်း ပလာဇာကို တည်ဆောက် ခဲ့သည်။ မီးလောင်ပြီး လေးနှစ်ကျော်အကြာ အတွင် ရတနာပုံဈေးပြန်လည်ဖွင့်လှစ် နိုင်ခဲ့သည်။ 

7Day DAILY 

No comments:

Post a Comment