Thursday 14 May 2015

အရှိန် ၂ ဆမောင်းတဲ့ ကန်ရထားလမ်းချော် ၇ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စုအရှေ့မြောက်ပိုင်း Philadelphia မြို့အနီးမှာ အင်္ဂါနေ့ညက ဘီးချော် တိမ်းမှောက် ခဲ့တဲ့ ခရီးသည်တင်ရထား တိမ်းမှောက်မှုမှာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး လူပေါင်း ၂၀၀ ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရထားတိမ်းမှောက်ချိန်မှာ တနာရီကို မိုင် ၁၀၀ နီးပါးနဲ့ မောင်းနှင်နေတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ဘာကြောင့်ရထားတိမ်းမှောက်ခဲ့ရတယ်ဆိုတာကို ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေမဲ့ စုံစမ်းစစ်ဆေးနေသူတွေကတော့ ရထားဟာသတ်မှတ်ထားတဲ့ အမြန်နှုန်းထက် ၂ ဆ နီးပါး မြင့်ပြီး မောင်းနှင် နေတာ ဖြစ်ပါတယ်။

ရထားမတိမ်းမှောက်ခင် တနာရီအလိုမှာ အကွေ့မှာ ရထားရဲ့ အမြန်နှုန်းဟာ တနာရီကို မိုင် ၇၀ နှုန်း ရှိခဲ့ပါတယ်။

ဝါရှင်တန်ကနေ နယူးယောက်ကိုသွားတဲ့ ခရီးသည်တင် တွဲ ၇ တွဲပါ Amtrak ရထားမောင်းနှင်သူ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာကို ထုတ်ပြန်ကြေညာခြင်းမရှိပေမဲ့ သူဟာအသက်ရှင်လျက်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူက ရဲတပ်ဖွဲ့နဲ့ စကားပြောဆိုဖို့ ငြင်းဆိုနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)  

No comments:

Post a Comment