Thursday 14 May 2015

ရွှေမျောလုပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးသော ထွေအုပ်ဒုဦးစီးမှူးအား လူတစ်ဦးက ဓားဖြင့်ထိုးရန် ကြံစည်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်းရှိ မော်လိုက်မြို့နယ်တွင် တရားမဝင် ရွှေမျောလုပ်ကွက် များ လုပ်ကိုင်နေသည်ဟု သတင်းအရ သွားရောက်စစ်ဆေးခဲ့သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ ဒုဦးစီးမှူးတစ်ဦးအား ၎င်း၏လုပ်ကွက်ကို ဓာတ်ပုံရိုက်သည်ဟုဆိုကာ လူတစ်ဦးက ဓားဖြင့်ထိုးရန် ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မော်လိုက်မြို့နယ် ထွေအုပ်ရုံး ဦးစီးမှူး ဦးကိုကိုဦးက''ရွှေမျောတွေ လုပ်နေတယ်ဆိုတာ သတင်းမှန်၊ မမှန် ကွင်းဆင်းစစ်ဆေးတာပါ။ ဓာတ်ပုံရိုက်မှတ်တမ်းယူတာရောပါတာပေါ့၊ ရဲရော၊ ကျေးရွာအုပ်ချုပ်ရေးမှူးရော ပါတယ်။ ကျွန်တော်တို့ဌာနက ဒုဦးစီးမှူးကို ဓားနဲ့ထိုးမယ်လုပ်တာပါ၊ ရဲတွေကိုပါ ဝိုင်းလုံးထွေးရာကနေ မထိုးမိတာပါ။ အမှုဖွင့်ထားပါတယ်''ဟု ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၂ရက်မွန်း တည့် ၁၂နာရီကျော်ခန့်က မော်လိုက်ထွေ အုပ်ရုံးတာဝန်ပေးချက်အ ရ ဒုဦးစီးမှူး ဦး - - - - ၃၁နှစ်သည် ရဲအုပ်မျိုးမြင့် လိုက်ပါလျက် ဇီး ကုန်းကျေးရွာအုပ်စုနှင့်ကြာအင်းကျေး ရွာအုပ်စုအကြား ကိုးတန်းချောင်း အတွင်း တရားမဝင်ရွှေမျောလုပ်ကွက်များကို သွားစစ်ဆေးခဲ့ကြသည်။

၎င်းနောက် စက်လှေဖြင့် မော် လိုက်မြို့သို့ ပြန်လာစဉ် ကြာအင်း ရွာဆိပ်ကမ်းအရောက် လူတစ်ဦးမှ လက်ပြတားသဖြင့် စက်လှေအား ကမ်းသို့ကပ်စဉ် စက်လှေတားသူ သည် ခါးကြားမှ ဓားအားဆွဲထုတ် ပြီး ''ငါ့ရွှေမျောလုပ်ကွက်ကို ဓာတ် ပုံရိုက်တာ ဘယ်သူလဲ''ဟု မေးပြီး ဦး - - - - အား ဓားဖြင့်ထိုးရာ ရဲအုပ်မျိုးမြင့်မှ ဝင်ရောက်လုံးထွေး တားဆီးသဖြင့် မထိုးမိဘဲ ဓားမှာရေ ထဲကျသွားကြောင်း၊ ဓားဖြင့် ထိုးသူမှာ လည်း ရေထဲခုန်ဆင်း၍ထွက်ပြေး သွားကြောင်း သိရသည်။

ယင်းကဲ့သို့ ဓားဖြင့် ရန်ပြုသူမှာ မော်လိုက်မြို့နယ် ကြာအင်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း မော်လိုက် မြို့မရဲစခန်းမှ သိရသည်။

မော်လိုက်မြို့မရဲစခန်းမှ တာ ဝန်ကျရဲတပ်သား နေဖြိုးလွင်က''ဒီ နေ့ကြာအင်းရွာဘက်ကို ကျွန်တော်တို့ တပ်ဖွဲ့တွေ သွားနေပါတယ်။ လော လောဆယ်တော့ ဖမ်းမိတယ် မကြား သေးပါဘူး''ဟု ပြောသည်။

သို့ဖြစ်၍ တာဝန်ဝတ္တရားထမ်း ဆောင်ရာတွင် နှောင့်ယှက်ဟန့်တားပြီး ဓားဖြင့်ထိုးသူအား အရေးယူပေး ရန် ဒုဦးစီးမှူးမှ တရားလိုပြုလုပ်၍ မော်လိုက်မြို့မရဲစခန်းသို့ တိုင်ကြား ရာ (ပ) ၂၁/၂၀၁၅ပြစ်မှုပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

KTS
Democracytoday‬

No comments:

Post a Comment