Thursday 14 May 2015

တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမှုကြောင့် KIA အဖွဲ့မှ ဒေသခံ ရွာသားများအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင် ခြင်းများ ဆက်တိုက်ပြုလုပ်

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း အစိုးရတပ်များနှင့် KIA အဖွဲ့တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာ သော ကြောင့် မန်စီမြို့နယ်အ တွင်း မှ ဒေသခံများအား KIA အဖွဲ့မှ လက်နက်ဖြင့် ခြိမ်းခြောက်ကာ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

မေလ ၆ ရက်နေ့မှ စတင်ကာ အစိုးရတပ်နှင့် KIA အဖွဲ့များသည် မေလ ၁၂ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် KIA အဖွဲ့အနေဖြင့် နန့်လင်းပါ၊ လွေဆိုင်း၊ ဒုံခုံ အစရှိသော ကျေးရွာ များမှ ဒေသ ခံများအား အတင်းအကြပ် လိုက်လံဖမ်းဆီးကာ စစ်သင်တန်းများ တက်ခိုင်း လျက်ရှိကြောင်း နှင့် တက်ရောက်ရန် ငြင်းဆန်ပါက ငွေကျပ် ၅ သိန်း ပေးဆောင် ရမည်ဖြစ်ကြောင်း KIA အဖွဲ့မှ ပြောဆို ထား သည် ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောပြပါသည်။

နန့်လင်းပါအနီးတွင် အစိုးရတပ်မှ သစ်မှောင်ခိုသမားများအား လိုက်လံဖမ်းဆီးရာမှ KIA အဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားလျက်ရှိခြင်းကြောင့် ဒေသခံများမှာ နီးစပ်ရာဘုရားကျောင်းများနှင့် မြို့ပေါ် နေရာများသို့ ထွက်ပြေးနေရကြောင်း ကျေးလက်ကျန်းမာရေး ၀န်ထမ်းတစ်ဦးမှလည်း ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ KIA အဖွဲ့က သစ်မှောင်ခိုလုပ်တဲ့ တရုတ်တွေ ဆီက ပိုက်ဆံယူပြီးလုပ်ခိုင်း ထားတဲ့ အချိန်မှာ အစိုးရတပ်က တရားမ၀င် သစ်မှောင်ခိုသမားတွေကို လိုက်ဖမ်းတော့ KIA နဲ့ စဖြစ်တာ၊ KIA ကလည်း ပိုက်ဆံယူထားပြီး အကာအကွယ်ပေးထားတော့ တိုက်ပွဲတွေ ဖြစ်တာပေါ့၊ အဲဒါကြောင့် KIA က ဒီလိုတွေ လုပ်နေသမျှ ကျွန်တော်တို့ ဒေသမှာ သေနတ် သံတွေ အမြဲကြားနေရအုံးမှာပဲ၊ အရင် တစ်ခေါက် ဖြစ်ပြီး ကတည်းက ဒေသ ခံတွေ အနေနဲ့ တိုက်ပွဲတွေပြန်ဖြစ်မှာကို စိုးရိမ်နေကြတာ၊ နောက်ဆုံး တော့လည်း ဒီဒေသခံတွေပဲ ဒုက္ခရောက်ကြတာပါ”ဟု နန့်လင်းပါ ဒေသခံ ဦးယိမ်တောင် မှ ပြောကြားခဲ့ ပါသည်။

ဘရန်အောင်(မြစ်ကြီးနား)
Kachin Daily News

No comments:

Post a Comment