Thursday 14 May 2015

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ်ခရီးစဉ် မေ ၁၆ စမည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်း စုကြည်သည် မေ ၁၆ ရက်တွင် မွန်ပြည်နယ်သို့ လာရောက်မည်ဟု မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် တစ်လျှောက်တွင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မော်လမြိုင်နှင့် သံဖြူဇရပ် တို့တွင် လူထုဟောပြော ပွဲများ ပြု လုပ် သွားမည်ဖြစ်သည့်အပြင် မေ၁၆ ရက်ညတွင် မြို့မိ မြို့ဖများနှင့် လည်း တွေ့ဆုံမည်ဟု သိရသည်။

''၁၆ရက်နေ့ကျရင် မော်လမြိုင် ရောက်မယ် ညနေပိုင်းမှာလှိုင်ဘော လုံးကွင်းမှာ ဟောပြောပွဲလုပ်မယ်။ မော်လမြိုင်မှာ အိပ်မယ်၊ ပြီးတော့ နောက်နေ့ မနက်ကျတော့ သံဖြူဇရပ် ကြာကန်ရပ်ကွက်က ကြာကန် ဘောလုံးကွင်းမှာ ဟောပြော မယ်''ဟု ဒေါက်တာ ခင်ဆောင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် မတ် ၂၇ နှင့် ၂၈ရက် တို့တွင် မွန်ပြည်နယ်သို့ လာရောက် ရန် စီစဉ်ထားသော်လည်းကျန်းမာရေးအခြေအနေနှင့် ရာသီဥတုပူပြင်း မှုကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့သည်။

''ဗိုလ်ချုပ်ရာပြည့်အထိမ်းအ မှတ်အနေနဲ့ မတ်လကမွန်ပြည်နယ် ကို လာမယ်ဆိုပြီးပြောထားတယ်။ ဒါ ပေမဲ့ ကျန်းမာရေးအခြေ အနေကြောင့် မလာဖြစ်တာကို အခုကျန်းမာရေးလဲ ကောင်းလာတယ်၊ အားလဲ အားတဲ့ အတွက် မွန်ပြည်နယ်ကို ပြန်လာ ပေးတာ''ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မော်လမြိုင်ခရိုင် အတွင်း ရေးမှူးဦးကိုကိုဇော်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြော ကြား ခဲ့ သည့် သေမင်းတမန်စစ်သချုØင်း ရှေ့ရှိ ကြာကန်ဘောလုံး ကွင်းတွင် မိန့်ခွန်းပြော ကြားရန်လည်း စီစဉ် ထားသည်ဟုသိရသည်။

သေမင်းတမန်စစ် သချုØင်းသည် ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်းကဖောက် လုပ်ခဲ့ သည့် မြန်မာ-ယိုးဒယားနယ်စပ် မီးရထား လမ်းဖောက်လုပ်စဉ် ဂျပန်များ၏ စစ်သုံ့ပန်းများအဖြစ် ခေါ်ဆောင် ခံရသည့် ဗြိတိသျှစစ်မှုထမ်းများ ဩစတြေးလျ စစ်မှုထမ်းများဒတ်ခ်ျ စစ်မှုထမ်း များနှင့် အာရှချွေးတပ် သားများ မြှုပ်နှံ ထားသည့် နေရာ ဖြစ်သည်။

Dawei Watch
Democracytoday‬

No comments:

Post a Comment