Thursday 14 May 2015

လယ်တောပြန်ရွာသူ ခလေးမတဦး ဓါးပြတိုက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

ဓါတ်ပုံ ၁ - အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူ နန်းခမ်းဆိ
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်း အမည်မသိသူလူတဦးမှ အသက် ၂၂ နှစ် အရွယ် ကျေးလက် ရွာသူ တဦးအား ဓါးပြတိုက် အဓမ္မပြု ကျင့်ပြီး သတ်ဖြတ်ခဲ့သည်ဟု သိရှိရသည်။


ဓါတ်ပုံ ၂ - သေဆုံးသူအတွက် ဆွမ်းသွတ်အလှူပစ္စည်း
၂၀၁၅ မေ ၃ ရက်နေ့ မွန်းလွဲပိုင်း၌ လဲချားမြို့ အရှေ့မြောက်ဘက် ၁၅ မိုင် ခန့်အကွာရှိ ဝမ့်ထီကျေး ရွာအုပ်စု စလိုင်းခွမ်ရွာသူ အသက် ၂၂ အရွယ် နန်းခမ်းဆိ ဆိုသည် လယ်တောအပြန်ရွာ၏ မြောက်ဘက် တမိုင်ခန့်ဝေးသည့် ရေချောင်းရှိ ရွာရေဆိပ်၌ အဓမ္မပြုကျင့်၍ သတ်ဖြတ်ခံထားရကြောင်း၊ ၎င်းဆွဲထား သည့် ရွှေဆွဲကြိုးအားလည်း ယူဆောင်သွားကြောင်း ရွာသားများ က ပြော သည်။

“မွန်းလွှဲ ၂ နာရီကျော်လောက်တုန်းက သူတယောက်တည်း အိမ်ပြန်သွားတယ်။ ရေခတ် ၊ ထမင်း ဟင်း ချက်ပြီး အဖေအမေကိုစောင့်ဖို့တဲ့။ ညနေ ၃ နာရီ ကျော်ကျောက်လောက် ရေခပ်ဆင်းတဲ့ ရွာသူ သားအမိ နှစ်ဦး က ရေ ဆိပ် မှာ အလောင်းသွားတွေ့တယ်။ အခု ပြည်သူ့ စစ်တပ်ဖွဲ့က အမှု စစ်ဆေး ပေးနေတယ်” - ဟု ပင်လုံရောက် ဝမ့်ထီအုပ်စု ရွာသူ နန်းစိန် ကပြောသည်။

စစ်ဆေးချက်အရ သေဆုံးသူ နန်းခမ်းဆိတွင် အဓမ္မပြုကျင့် ၊ ဓါးပြတိုက်ခံ ထားရသည်မှာ ထင်ရှား ကြောင်း ၎င်းလွယ်လာသည့် ပလိုင်းနှင့် ရေပုံးလည်း ရေချောင်းထဲတွင်တွေ့ရကြောင်း၊ ကျူးလွန်သူများမှ ယူသွား ပစ်ထား ဖွယ် ရှိကြောင်း၊ သို့သော် ကျူးလွန်မှုလက်သည်အား အမှုမှန်ဖေါ်ရန် ခက်ခဲနေကြောင်း ပြည်သူ့ စစ်အသိုင်းအဝိုင်း က ပြောသည်။

“ ဦးကာလိန်ထွဲ့ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က အမှု စစ်ဆေးပေးနေ တယ်။ ရွာမှာ ရှိတဲ့ အမျိုး သား ၅၆ ဦးကို စစ်ဆေးတယ်။ တဦးပြီးတဦး ပေါ့။ ကုတ်ရာ ခြစ်ရာ ကိုက်ရာ များတွေ့မလား ပေါ့။ ဒါပေမယ့် ဘာမှ အစအန မတွေ့ဘူး။ သူတို့ကဘဲ ဆက်လက်စစ်ဆေးသွားမယ်။ အမှုမှန်ပေါ် တဲ့အထိ တဲ့ ” - ဟု အဆိုပါ ပြည်သူ့စစ်အသိုင်းအဝိုင်းက ပြောသည်။

နန်းခမ်းဆိသည် ရွာမူလတန်းကျောင်းသာ ပညာဆည်းပူးခဲ့ရသော်လည်း ရပ်ရွာအကျိုး အားတက်သရော သယ်ပိုးသူဖြစ်ကြောင်း၊ လူကြီးမိဘများအား လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံ တတ်ကြောင်း ရပ်မိရပ်ဖ များ ပြောကြား ချက်အရ သိရသည်။

Panglong(Burmese)
သျှမ်းသံတော်ဆင့်

No comments:

Post a Comment