Thursday 14 May 2015

မင်္ဂလာ ဧည့်ခံပွဲနှစ်ခုမှ ပဲခေါက်ဆွဲ၊ ပဲဟင်းများ စားသုံးခဲ့ သည့် ကျေးရွာနေ ပြည် သူသုံးဦးသေဆုံးပြီး လေးဦးအ ရေးပေါ်ဆေးကုသမှုခံလျက်ရှိ

ရေနံချောင်းမြို့နယ် ဘူးကျွန်း မြောက်ကျေးရွာ၌ မေ ၁ဝ ရက်နှင့် ၁၁ ရက် တို့တွင် ပြုလုပ်ခဲ့သော မင်္ဂလာ ဧည့်ခံပွဲနှစ်ခုတွင် ကျွေးမွေးခဲ့သော ပဲခေါက်ဆွဲ၊ ပဲဟင်းများ စားသောက် ခဲ့သည့် ဘူးကျွန်းမြောက် ကျေးရွာနေသူ အမျိုးသားကိုးဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၂၈ ဦး ဝမ်းပျက် ဝမ်းလျှောရောဂါများ ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ ထိုဝမ်းပျက်ဝမ်းလျှောလူနာများကို မေ ၁၁ ရက် နံနက်ပိုင်း မှစ၍ ဘူးကျွန်း ကျန်းမာရေးဌာနခွဲမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်သူဇာပပအောင် ဦးစီးသော ကျန်းမာရေးဝန်ထမ်း များက ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

''ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ် ပွားသူ ၂၈ ဦးအနက် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၂၁ ဦးတို့မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး(စိုးရိမ်ရ) လူနာများမှာ ရေနံချောင်းပြည်သူ့ ဆေးရုံသို့ တက်ရောက် ကုသမှုများ ခံယူနေကြကြောင်း'' ဟု ထိုကျေးရွာ တွင် ကျန်းမာရေးစောင့်ရှောက်မှုပေး နေသော ကျန်းမာရေးဝန်ထမ်းတစ်ဦး က ပြောကြားသည်။

 ဘူးကျွန်းမြောက်ကျေးရွာမှ (စိုးရိမ်ရ) ဝမ်းပျက် ဝမ်းလျှောဖြစ်ပွားသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်းခုနစ်ဦးတို့မှာ ရေနံချောင်းပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ရာမှ မသက်သက်ခိုင် (၃နှစ်)သည် မေ ၁၂ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ် တွင်လည်းကောင်း၊ ဦးလှဌေး(၈၅ နှစ်)သည် အဆိုပါနေ့ ညနေ ၆ နာရီခွဲ တွင်လည်းကောင်း၊ ဒေါ်လှသန်း (၇၂ နှစ်)သည် အဆိုပါနေ့ ည ၇ နာရီ ၄၅ မိနစ်တွင်လည်းကောင်း သေဆုံးသွားခဲ့ကြောင်း သိရပြီး လက်ရှိ ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွား သူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးတို့သည် ရေနံချောင်း ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှုခံယူနေကြကြောင်း ရေနံ ချောင်းပြည်သူ့ဆေးရုံမှ ဆေးရုံဝန်ထမ်း တစ်ဦးထံမှ သိရသည်။

ကျော်ဇေယျ
MOI Webportal Myanmar 

No comments:

Post a Comment