Thursday 14 May 2015

အမျိုးသမီးများ စိတ်ကြိုက် ငိုကြွေးနိုင်မယ့် ဂျပန်နိုင်ငံက “Crying Rooms” ခေါ် ငိုကြွေးခန်းများ

အားရပါးရ ငိုချဖို့ လိုအပ်နေပြီလား။ ဒါမှမဟုတ် သင့်အခန်းဖော်တွေကြောင့် မျက်ရည်စီးမကျအောင် ချုပ်တည်းထားရလို့ ပင်ပန်းနေပြီလား။ ဂျပန်နိုင်ငံမှာ အဲသလိုလိုအပ်နေတဲ့ အမျိုးသမီးများအတွက် ဟိုတယ်တစ်ခုက သူတို့မျက်ရည်ပေါ် အခွင့်ကောင်းယူ ငွေရှာတဲ့ တစ်သီးတစ်ခြား နေရာကို စီမံဆောင်ရွက် ပေးထားပါတယ်။

ဂျပန်နိုင်ငံက The Mitsui Garden Hotel မှာအ မျိုးသမီးတွေကို သြဂုတ်လကုန်ထိ အားရပါးရ ငိုကြွေးနိုင်ဖို့ အထူးလျော့ဈေးပေးနေပါတယ်။ အမျိုးသမီးတွေ တစ်ကိုယ်တည်း ချုံးပွဲကျအောင် စိတ်ကြိုက်၊ ကုန်းအော်ပြီး ငိုကြွေးနိုင်ပါပြီ။ ဒါဟာ စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ကြောင်း ဆိုပါတယ်။

ဒီဟိုတယ်မှာ အကြိုက်ငိုကြွေးနိုင်အောင် ဒီဇိုင်းဆွဲလုပ်ထားတဲ့ စုစုပေါင်း အထူးခန်း ၁၂ ခန်း ပါရှိပါတယ်။ ဂျပန် အမျိုးသမီးတွေဟာ အသက် ၂၀- ၄၀ ကာလအတွင်း ဘဝရဲ့ဖိစီးမှုကို မကြာခဏ ကြုံတွေ့ကြတယ်လို့ သိရပါတယ်။

အငိုခန်း အခန်းတစ်နေရာငှားခအတွက် တစ်ယောက်ကို ၈၅ဒေါ်လာ (ဂျပန်ယန်း ၁၀,၀၀၀) ကုန်ကျမှာ ဖြစ်ပြီး ဒါဟာ တစ်ညစာကုန်ကျမယ့် ငွေကြေး ပမာဏ ဖြစ်ပါတယ်။ ကုန်ကျစရိတ်ထဲမှာ တစ်ရှူးအပျော့စား၊ အသည်းကွဲရှပ်ရှင်ဇာတ်လမ်း (Forrest Gump၊ The Intouchables၊ The Diving Gell and the Butterfly၊ The Notebook၊ One Day and What’s Eating Gilbert Grapel စတာတွေ) ပါဝင်ပြီး မိတ်ကပ်ချွတ်ဆေးနဲ့ ဖူးယောင်တာ၊ နီမြန်းတာတွေ ကာကွယ်ဖို့အတွက် ပူနွေးတဲ့ mask တစ်မျိုး လည်း ပါဝင်ပါတယ်တဲ့။

Ref: FTK
Trend Myanmar 

No comments:

Post a Comment