Thursday 14 May 2015

အီရတ် လေကြောင်း ထိုးစစ်အတွင်း အိုင်အက်စ် ဒုခေါင်းဆောင် သေဆုံး

အိုင်အက်စ်အဖွဲ့ ဒုတိယ ခေါင်းဆောင်ဖြစ်သူသည် အီရတ်မြောက်ပိုင်းတွင် အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ လေကြောင်း ထိုးစစ်အတွင်း သေဆုံးကြောင်း အီရတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

အဘူအာအဲလ်အဖာရီဟုလည်း သိထားသည့် အဗ္ဗဒူရာမန်မူစတာဖာ မိုဟာမတ်က တဲလ်အက်ဖာအနီး ဗလီတွင် ရှိစဉ် ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တာဆင်အီ ဘရာဟမ်က ပြောသည်။

သို့သော် အမေရိကန် စစ်တပ်က ညွန့်ပေါင်းတပ်ဖွဲ့များက ယင်းဗလီကို တိုက်ခိုက်ခြင်းမရှိဟု နောက်ပိုင်း ငြင်းထားသည်။

အိုင်အက်စ်အဖွဲ့၏ စစ်ဆင်ရေးများကို အဖာရီက ယာယီဦးစီးနေခြင်း ဖြစ်သည်ဟု ပြီးခဲ့သည့် သီတင်းပတ် များက သတင်းများထွက်ခဲ့သည်။

အီရတ်တွင် မတ်လအတွင်းက စကာလေကြောင်း ထိုးစစ်များဆင်နွှဲခဲ့၍ အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီ က အင်အား ယုတ်လျော့နေပြီဖြစ်ကြောင်း အီရတ်သတင်းရင်းမြစ်က အခိုင်အမာ ပြောကြားသည်။

REF : BBC

No comments:

Post a Comment