Tuesday 28 April 2015

ရန်ကုန်မြို့ပြ အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် ဥပဒေပြုရေး လိုအပ်နေဟုဆို

ရန်ကုန်မြို့ပြ အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် ဥပဒေပြုရေးကိစ္စများ လိုအပ်နေပြီဟု ဥရောပ သမဂ္ဂမြို့ပြ အမွေအနှစ်စောင့်ရှောက်ရေး အကြံပေးအဖွဲ့မှ အဲလိဇဖက်ဗင်းနက်စ်က ပြောသည်။

အဆိုပါပြောကြားခြင်းမှာ ဧပြီလ ၂၇ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြို့ပြ အမွေ အနှစ် ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ဖြစ်သည်။

ဥရောပသမဂ္ဂ မြို့ပြအမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့၏ အကြံပေးက အဲလိဇဘက်ဗင်းနက်စ် ''မြို့ပြ အမွေ အနှစ်များ ကာကွယ်စောင့်ရှောက်ရန် ဥပဒေပြုရေးကိစ္စများ လိုအပ်နေပြီ ရန်ကုန်မြို့အပြင် တစ်ခြား မြို့ကြီးတွေ မှာပါ လိုက်နာဆောင်ရွက်ဖို့အတွက် ဒီမူဘောင်ကို လုပ်ဆောင်သင့်တယ်''ဟု ပြောသည်။

အဆိုပါ မြို့ပြအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရန် မူဘောင်တစ်ခု လိုအပ်နေပြီး ဥပဒေပြုရေးကိစ္စ များကို အကောင်အထည်ဖော်ရန် ဖြစ်ပြီး ရန်ကုန်မြို့အတွက်လည်းအမွေအနှစ် စောင့်ရှောက်ရန် အဆိုပြု လွှာ ပြင်ဆင်ထားပြီ ဖြစ်သည်။ ယင်းအဆိုပြုလွှာတွင် ရန်ကုန်မြို့၏ အထူးသတ်မှတ်ထားတဲ့ နေရာများကို အခြေခံပြုစုလျှက်ရှိသည်။

ဥရောပ သမဂ္ဂမြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ရှိသူ တစ်ဦးကလည်း ''ဒီလိုအဆိုပြုလွှာ တွေကို ရေးသားတဲ့နေရာမှာ  ဥပဒေမူဘောင်ထဲကနေ ရန်ကုန်မြို့ရဲ့ ဘယ်အစိတ်အပိုင်းကနေ အထူးပြု မယ် အမွေအနှစ်နဲ့အတူရှိနေတဲ့ ရန်ကုန်မြို့ပြရဲ့ အထွေထွေမြင်ကွင်းတွေမှာ ဘယ်လိုခွဲခြားစိတ်ဖြာပြီး လုပ် ကိုင်သွားမလဲဆိုတာ ပါဝင်နေပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်မြို့အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အများအပြား တည်ဆောက်လာတာနဲ့အတူ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာ ဥပဒေပြဌာန်းနိုင်တာတွေ မရှိတဲ့အတွက် ရေရှည်မှာ စိုးရိမ်စရာရှိလာနိုင်တယ်''ဟု ပြောသည်။

ယင်းဆွေးနွေးပွဲသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဥရောပသမဂ္ဂမြို့ပြ အမွေအနှစ်စောင့်ရှောက်ရေး အကြံပေးအဖွဲ့မှ တာဝန်ရှိသူများနှင့် အသိပညာ၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment