Tuesday 28 April 2015

ဦးခင်ရွှေပေးသမျှယူသာယူ၊ မဲထည့်ရင်သာ NLDကို မဲထည့်ဟု ဒေါ်စုပြော

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူး မြို့နယ်တွင် မဲဆန္ဒရှင်များနှင့် ဧပြီ ၂၇ ရက် နေ့လည် ၂နာရီက တွေ့ဆုံပြီး အာဏာရ ပြည်ခိုင်ဖြိုးပါတီအမတ် ဦးခင်ရွှေက ပေးသည်များကို လက်ခံယူရန်နှင့် NLD ကိုသာ မဲထည့်ရန် စည်းရုံးပြောဆိုခဲ့သည်။

ကော့မှူးမြို့နယ် ပါတီရုံးတွင် ဒေသခံ ၁၅၀ခန့်နှင့် တွေ့ဆုံစဉ် "ဦးခင်ရွှေ ပေးသမျှယူသာယူ၊ မဲထည့်ရင်သာ NLDကို မဲထည့်"ဟု ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် အာဏာရ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ပြီး ၂၀၁၀ရွေးကောက်ပွဲတွင် ကော့မှူး၊ တွံတေးမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရာမှ အမျိုးသားလွှတ်တော်အမတ် ဖြစ်လာသူဖြစ် သည်။

Mizzima - News in Burmese 

No comments:

Post a Comment