Tuesday 28 April 2015

ရခိုင်တိုင်းရင်းသားများကို မူးယစ်ဆေးဝါးများဖြင့်ဖျက်ဆီးဖို့ ကြိုးစား လာသည့် AA သောင်းကျန်းသူများ

ရခိုင်ပြည်နယ်အတွင်း စိမ့်ဝင်လှုပ်ရှားလာသည့် AAသောင်းကျန်းသူများအား တပ်မတော်မှ လိုက်လံ ရှင်း လင်း ချေမှုန်းလျက်ရှိပါတယ်။ ဧပြီလ ၂၄ ရက်နေ့ က ဒေသခံများ၏ သတင်းပေးချက်အရ တပ်မတော် စစ်ကြောင်းနှင့် AA သောင်းကျန်းသူများထိတွေ့မှုဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများထံမှ လက် နက် ခဲယမ်း များ၊ စစ်အသုံးအဆောင်ပစ္စည်းများအပြင် မူးယစ်ဆေးဝါး များလည်း သိမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။ ဒါကြောင့် ကေအိုင်အေ လက်အောက်မှာနေထိုင်လှုပ်ရှားလာခဲ့တဲ့ AA သောင်းကျန်းသူများဟာ ရခိုင် ပြည်နယ်မငြိမ်းချမ်းအောင် လုပ်ဆောင်ချင်ရုံသာမက ရခိုင်လူငယ်များကိုပါ မူးယစ်ဆေးဝါးများဖြင့် ဖျက်ဆီး ဖို့ ကြံရွယ်လာတယ်လို့ ယူဆရပါတယ်။

ကေအိုင်အေအဖွဲ့ရဲ့လက်အောက်မှာ နှစ်ပေါင်းများစွာ တပည့်လုပ်လာတဲ့ AA သောင်းကျန်းသူများဟာ ကေအိုင်အေရဲ့ အကျင့်တွေကို ကောင်းစွာ တတ် မြောက် လာပုံရပါတယ်။ ကေအိုင်အေအဖွဲ့ဟာ မှောင်ခို လုပ်ငန်းများစွာနဲ့ မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်းများကို အများဆုံးလုပ်ဆောင်ခဲ့တာပါ။ နောက်ပြီး ဒေသခံ ကျေးရွားများနှင့် မှော်လုပ်ကွက်များအတွင်းမှ လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သူများကို မူးယစ် ဆေးဝါးများအသုံးပြုပြီး ကေအိုင်အေ အဖွဲ့အတွင်းမှာ တာဝန်ထမ်းဆောင်ခိုင်းခဲ့ကြပါတယ်။ နောက်ဆုံးမှာ တော့ မတရားဖမ်းဆီး အသုံးချခံနေရတဲ့ ဒေသခံလူငယ်များဟာ မူးယစ်ဆေးဝါး များကြောင့် အသက်ဆုံးရှုံး ခဲ့ကြရပါတယ်။ 

တရုတ်ပြည်နယ်ဘက်မှ လက်နက်ကိုင်သောင်းကျန်းသူများရဲ့ မူးယစ် ဆေးဝါးများတင်သွင်းမှုကို တင်းကြပ် စွာ ဖမ်းဆီးလာချိန်နဲ့ AA သောင်း ကျန်းသူ အဖွဲ့ ရခိုင်ပြည်နယ်ဘက်မှာ စိမ့်ဝင်လှုပ်ရှားလာတာဟာ တိုက်ဆိုင်လွန်းလှပါတယ်။ ဒါဟာ တရုတ်ပြည်နယ်ဘက်ကို တင်းသွင်းဖို့ကြပ်တည်းလာတဲ့ ကေအိုင်အေ ရဲ့ မူးယစ်ဆေးဝါးများကို ရခိုင်ပြည်နယ် အတွင်း ဈေးကွက်ရှာဖွေဖို့ လုပ်ဆောင်လာတယ်လို့ယူဆရပါတယ်။ ဒီ့အပြင် AA သောင်းကျန်းသူများဟာ ၎င်းတို့အဖွဲ့ လိုအပ်နေတဲ့ လူအင်အားအတွက် မူးယစ်ဆေးဝါးများကို အသုံးချပြီး ရခိုင်လူငယ်များကို ပန်းကောင်း အညွန့် ချိုးပြီး လိုအပ်သလိုစေခိုင်း အသုံးပြုလာနိုင်ပါတယ်။ ဒါကြောင့် တည်ငြိမ် အေးချမ်း နေတဲ့ ရခိုင်ပြည်နယ်ကို တိုက်ပွဲများဖြစ်အောင်ဖန်တီးလာတဲ့အပြင် ရခိုင် လူငယ် များကိုပါ မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်အောင် လုပ်ဆောင် ဖို့ကြံရွယ်လာတဲ့ AA သောင်း ကျန်းသူအဖွဲ့ အန္တရယ်မှ ရခိုင်ပြည်နယ်နှင့် ရခိုင်လူငယ်များကို ပူးပေါင်းကာကွယ်သင့်ပါကြောင်း ပြောကြား လိုပါတယ်။

ထွန်းကျော်(သံတွဲ)
နေ့စဉ်သတင်း

No comments:

Post a Comment