Tuesday 28 April 2015

NLD ပါတီ အောင်နိုင်ရေး အတွက် မေလဆန်းတွင် သင်တန်းပေးမည်

၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပါတီဝင်များကို မေလဆန်းတွင် သင်တန်းပေး သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) မှ တိုင်းအလုပ် အမှုဆောင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။ သင်တန်းမှာ မဲစာရင်းကို ပြည်သူလူထု စောင့်ကြည့်ဖို့ အတွက် ဘယ်လို ဆော်သြရ မယ်၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ တွေမှာ ဆောင်ရန် ရှောင်ရန်တွေကို သိဖို့ပါ ဟု ဦးတင်ထွဋ်ဦးက ပြောသည်။

မေလဆန်းတွင် ပြုလုပ်မည့် အဆိုပါ သင်တန်းကို မန္တလေး တိုင်းဒေသကြီး အတွင်း ရှိ ပါတီ အောင်နိုင်ရေး အဖွဲ့များမှ တက်ရောက် ကြမည် ဖြစ်ပြီး NLD ပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်မည် (သို့မဟုတ်) ပါဝင် ယှဉ်ပြိုင်ခြင်း မပြုဟူ၍ ဆုံးဖြတ်ချက် ချထားခြင်းမျိုး မရှိသေး ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပ ဖြစ်ပါက NLD ပါတီ အနေဖြင့် ၀င်ရောက် ယှဉ်ပြိုင် ဖြစ်ပါက အဆင်သင့် ဖြစ်နေစေရန် ရည်ရွယ် ကြောင် ၎င်းက ဆိုသည်။

‎Messenger News Journal 

No comments:

Post a Comment