Tuesday 28 April 2015

နိုင်ငံတစ်ဝန်း မိုးများဆက်လက်ရွာသွန်းနိုင် မိုးရွာသွန်းရင်း မုတ်သုံဝင်ချိန်သို့ ရောက်သွားနိုင်ဟုဆို

ယခုရက်ပိုင်း အတွင်း နိုင်ငံတစ်ဝန်းတွင် မိုးထစ်ချုန်း ရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်ပြီး၊ မိုး ရွာရင်းမုတ်သုံ ဝင်ချိန်သို့ ရောက်ရှိ သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံအတွင်း မတ်လလယ်ခန့်မှစတင် ကာ နေရာ ဒေသ အလိုက် မိုးရွာသွန်းခြင်းများ တောက်လျှောက်ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

''ဒီနှစ်ကတော့ နည်းနည်းထူးဆန်းတယ်။ မိုးကနိုင်ငံတစ်ဝန်းရွာ နေတယ်။ ဒီရက်ပိုင်းအတွင်းမှာလဲ မိုးက တောက်လျှောက်ရွာဦးမယ်။ မိုး ရွာနေရင်း မုတ်သုံဝင်သွားနိုင် တယ်။ အခုလဲ ဆက်လက်ရွာနိုင်တဲ့ အနေ အထားမှာ ရှိတယ်''ဟု အဆိုပါ ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။

အဆိုပါ မိုးရွာသွန်းခြင်းများ ကြောင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် မြင့်တက်နေသော အပူချိန်အချို့မှာ လျော့ကျ သွားနိုင်ပြီး၊ ခရမ်း လွန်ရောင် ခြည် များလည်း လျော့နည်းလာနိုင် ကြောင်း သိရသည်။

''မိုးကဆက်တိုက်ရွာနေရင် တော့ကောင်းမယ်။ ရပ်သွားလိုက် ရွာ လိုက်လုပ်နေရင်ပိုပူတယ်။ အဲဒီအပူက ပိုသိသာတယ်။ ဒီရက်ပိုင်း မှာတော့ မိုးရွာနေပေမယ့် ပူနေတုန်းပဲလို့ထင် တယ်''ဟု ကမာရွတ်မြို့နယ် တွင် နေ ထိုင်သူတစ်ဦးက ပြောသည်။

မိုးရွာသွန်း မည့် အလားအလာ ရှိသည့် ဒေသများမှာ မြန်မာ နိုင်ငံမြောက် ပိုင်းဒေ သများဖြစ်ပြီး အဆိုပါ ဒေသများတွင် မိုးကောင်းနေ မည် ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာကျဲကျဲမှ နေရာ စိပ်စိပ်မိုးရွာသွန်းနိုင်ကြောင်း၊ ယခုရက်ပိုင်းတွင် ဘင်္ဂလားပင်လယ် အော် အတွင်း၌ မုန်တိုင်းဖြစ်ပေါ် နိုင်ခြေများမရှိသေးသော်လည်း မိုးတိမ်တောင်အန္တရာယ်များမှာ အများ ဆုံး ဖြစ်ပေါ်နိုင်သေးကြောင်း မိုလေဝသ နှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ယင်း ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် သတိ ပေးရေးသား ထားသည်။

MMA
Democracytoday‬

No comments:

Post a Comment