Tuesday 28 April 2015

တောင်ဥက္ကလာပမြို့နယ်တွင် ပိတောက်ပန်း တက်ခူးသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ပိတောက်ပန်းတက်ခူးသည့် အမျိုးသားတစ်ဦးသည် ပိတောက် ပင် ပေါ်တွင် ဓာတ်လိုက် သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂ရရက် နံနက် ၆နာရီခွဲအချိန်က တောင်ဥက္ကလာပ မြို့နယ် (၁၂)ရပ်ကွက်၊ မေတ္တာ လမ်း ပဒေသာဈေးတောင်ဘက်ရှိ ပိတောက်ပင်ပေါ်သို့ ကို----သည် ပန်းတက်ခူးရာမှ ပိတောက်ပင်ပေါ်တွင် ဖြတ်သန်းသွယ်တန်းထား သော ဓာတ်ကြိုးနှင့် ခြေထောက်ငြိ လျက် ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် တောင်ဥက္က လာပမြို့နယ် (၁၄/၁) ရပ်ကွက် မြလေးလမ်းတွင်နေထိုင်သူဖြစ်ပြီး အနှေး ယာဉ် လုပ်သားအဖြစ် အသက် မွေးနေသူတစ်ဦးဖြစ်သည်ဟု သိရသည်။

''ပုံမှန်အတိုင်းသေတာမဟုတ်ဘဲ မိုးကြိုးပစ်တာ၊ ရေနစ်တာ၊ ဓာတ် လိုက်တာ စသည်ဖြင့် သေဆုံးခြင်း တွေ ကို တော့ သေမှုသေခင်းအနေနဲ့ အမှုဖွင့် စစ်ဆေးရပါတယ်။ အ လောင်းကိုတော့ မြောက်ဥက္ကလာပ ဆေးရုံကို ပို့ပြီးဖြစ်တဲ့အတွက် သေ ဆုံးမှုကိုလဲ ဆက်လက်စစ်ဆေးသွား မှာပါ''ဟု တောင်ဥက္ကလာပမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူကို တောင်ဥက္က လာပမြို့နယ်ရဲစခန်းမှ ရဲဆေးစာ ရေးသားပြီး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကြီးသို့ ပို့အပ်ခဲ့ရာ ဆေးရုံမှ PR-24 ဖြင့် လက်ခံထားရှိကြောင်း သိရသည်။

''သူနဲ့လုပ်ဖော်ကိုင်ဖက်တွေက မခူးဖို့ တားတယ်။ ချော်ကျပြီး ဓာတ်ကြိုးနဲ့ ငြိတာလို့ သိရတယ်။ တချို့တွေ က ဒီပိတောက်ပင်က လူတက်လို့ မရဘူး။ အစောင့်ရှိတယ် လို့ပြောတာတော့ ကြားဖူးတယ်''ဟု မြင်တွေ့သူ တစ်ဦးက ပြောသည်။

ယင်းသေဆုံးမှုမှာ ဓမ္မတာအ တိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ယင်း သေ ဆုံးမှု ဖြစ်စဉ် ဖြစ်ပွားချိန် တွင် တာဝန်ထမ်းဆောင်နေသည့် တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှ တာဝန် မှူးက တရားလိုပြုလုပ်ကာ သေမှုသေခင်းဖွင့်လှစ်ပေးပါရန် တိုင် ကြားထားသဖြင့် သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၅ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

HHW
Democracytoday‬

No comments:

Post a Comment