Tuesday 28 April 2015

(၂၆)ကြိမ်မြောက်အာဆီယံထိပ်သီးမျက်နှာစုံညီအစည်းအဝေး၌ အာဆီယံ အနေဖြင့် ပြင်ပဆက်ဆံရေးကို တိုးချဲ့ ရာ တွင် အာဆီယံ ၏ ရည်မှန်းချက် များကို အထောက်အကူပြုမှုနှင့် အာဆီယံ၏ ထိတွေ့ နိုင်စွမ်းအားနှင့် ကိုက်ညီ မည့် တိုးချဲ့မှုများကို ဆောင်ရွက်သွားရန်

asean-suumitဧပြီ ၂၇ ရက်က မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အာဆီယံနိုင်ငံ ခေါင်းဆောင် များကို တွေ့ရစဉ်။  ဓာတ်ပုံ - ပြန်/ဆက်
အာဆီ ယံအနေဖြင့် ပြင်ပဆက်ဆံရေးကို တိုးချဲ့ရာတွင် အာဆီယံ၏ ရည်မှန်း ချက်များကို အထောက် အကူပြုမှု နှင့် အာဆီယံ၏ ထိတွေ့နိုင်စွမ်း အားနှင့် ကိုက်ညီမည့် တိုးချဲ့မှု များ ကို ဆောင်ရွက်သွားရန် နိုင်ငံတော် သမ္မတဦးသိန်းစိန်က အကြံပြုဆွေး နွေးခဲ့ကြောင်း သိရသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဧပြီ ၂ရ ရက် နံနက် ၉ နာရီ ခွဲတွင် မလေးရှားနိုင်ငံ ကွာလာလမ် ပူမြို့၌ ကွာလာလမ်ပူ ကွန်ဗင်းရှင်း စင်တာ၌ကျင်းပသည့် (၂၆) ကြိမ် မြောက် အာဆီယံ ထိပ် သီး အစည်း အဝေးဖွင့်ပွဲအခမ်း အနားနှင့် မျက်နှာ စုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး၊ မျက်နှာစုံညီအစည်းအဝေးတွင် ယင်းကဲ့သို့ အကြံပြု ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

မျက်နှာစုံညီအစည်းအဝေး တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆွေးနွေးပြောကြားရာ၌ ''ယခုနှစ် အာဆီယံဥက္ကဋ္ဌဌ၏ ဆောင်ပုဒ်ဖြစ် သည့် Our People, Our Vision, Our Community  သည် အာဆီယံ အသိုက်အဝန်းထူထောင်မှုနှင့် ပြည် သူများ ကို အခြေပြု သည့် အာဆီယံ အသိုက်အဝန်း ပေါ်ပေါက်မှု အတွက် နှိုးဆော်မှုတစ်ရပ်ဖြစ်ပြီး အာဆီယံ ဥက္ကဋ္ဌဌ၏ ဦးစားပေး မူရှစ် ရပ် ကို အ ကောင်အထည် ဖော်ရာတွင် မိမိတို့ အနေဖြင့် အပြည့်အဝထောက်ခံ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ် ပါကြောင်း၊ အာဆီယံ အသိုက် အဝန်း ထူထောင်နိုင် ခြင်း သည် အာဆီယံ အတွက် သမိုင်းမှတ်တိုင်တစ်ခုဖြစ် ပါကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အာဆီယံအသိုက်အ ဝန်း ဖြစ်ပေါ်လာတော့မည် ဖြစ်ပါ ကြောင်း၊ မိမိတို့အာဆီယံအသိုက် အဝန်း ကို ပိုမိုခိုင်မာရှင် သန်ဖွံ့ဖြိုးတိုး တက်အောင် ဆက် လက်ဆောင် ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊  အာဆီယံအသိုက်အဝန်း ထူထောင် မှုသည် အမြဲရှင်သန်နေ မည့် ဖြစ်စဉ် တစ်ခု ဖြစ်ပြီး အဆုံး သတ်သွားပြီဟု မယူဆနိုင်ပါကြောင်း၊ အာဆီယံအ သိုက်အဝန်းသည် ကမ္ဘာ့အသိုက် အ ဝန်း အလယ် တွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ယုံကြည်အား ထားအပ်ပြီး ဒေသ အတွင်း အဖွဲ့ အစည်း များအား ဦးဆောင်နိုင်စွမ်း ရှိ သည့် အဖွဲ့အစည်းဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ အစဉ်အမြဲရှင် သန်ပြီး ကမ္ဘာကြီး၏ ပြောင်းလဲမှု များနှင့် လိုက်လျောညီထွေရှိနေ သည့် အဖွဲ့ အစည်း တစ်ခုအဖြစ် အာဆီယံ ကို ထိန်းသိမ်းသွားနိုင်ရန် အာဆီယံ ၏ ၂၀၁၅ ခုနှစ်အလွန် မျှော်မှန်းချက် ကို လည်း နေပြည်တော် ကြေညာ စာတမ်းနှင့် အညီ ချမှတ်သွားကြရ မည်ဖြစ်ပါ ကြောင်း၊ ယင်းမျှော်မှန်း ချက်ချမှတ်မှုမှာ နိုင်ငံတကာ အသိုက် အဝန်း၏ ဖြစ်ပေါ်တိုးတက်မှုများ ကို ထည့်သွင်း စဉ်းစား ရမည်ဖြစ်သကဲ့သို့ ကုလသမဂ္ဂ ၏၂၀၁၅ ခုနှစ်အ လွန် ဖွံ့ဖြိုးတိုး တက်မှု အစီအစဉ်နှင့် လည်း ကိုက်ညီအောင် ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ အာဆီ ယံအဖွဲ့အနေဖြင့် အာဆီယံနှင့် ဆွေး နွေး ဘက်နိုင်ငံများ၏ ချစ်ကြည် ရင်း နှီးစွာ နီးကပ်စွာ ပူးပေါင်း ဆောင် ရွက်နေပြီး ဆွေးနွေးဘက်နိုင်ငံများ နှင့် ယခုထက်ပိုမို ချစ်ကြည်ရင်းနှီး မှုကို တိုးမြှင့်သွားရန်လည်း လိုအပ် ပါကြောင်း၊ ထို့အတူ အာဆီယံအ ဖွဲ့အစည်းသို့ ဆွေးနွေးဘက်၊ မိတ် ဘက်နိုင်ငံ များအဖြစ် ကမ်းလှမ်း လျှောက်ထားလာသည့် နိုင်ငံများကို လည်း ကြိုဆိုပါကြောင်း၊ အာဆီယံ အနေဖြင့် ပြင်ပဆက်ဆံရေးကို တိုး ချဲ့ရာတွင် အာဆီယံ၏ရည်မှန်းချက် များကို အထောက် အကူပြုမှုနှင့် အာဆီယံ၏ ထိတွေ့နိုင်စွမ်းအားနှင့် ကိုက်ညီမည့်တိုးချဲ့မှုများကို ဆောင် ရွက်သွားရန် အကြံပြုပါကြောင်း ဖြင့် ပြောကြားခဲ့သည်။

MNA
Democracytoday

No comments:

Post a Comment