Tuesday 28 April 2015

နီပေါငလျင်ကြောင့် သေဆုံးသူဦးရေ ၅၀၀၀ အထိ ရှိနိုင်

နီပေါငလျင်ကြောင့် သေဆုံးသူဦးရေဟာ ၅၀၀၀ အထိ ရှိနိုင်တယ်လို့ ပြည်ထဲရေးဌာန အကြီးတန်းအရာရှိ တယောက်က ပြောပါတယ်။ ဒါကြောင့် ဒါဟာ ၁၉၃၄ ခုနှစ်က လူ ၈၅၀၀ သေဆုံးခဲ့တဲ့ ငလျင် နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပါတယ်။


ဧပြီ ၂၅ ရက်နေ့က ၇ ဒသမ ၉ ရှိတဲ့ ငလျင်လှုပ်ခဲ့ပြီးနောက် အသေအပျောက်စာရင်းဟာ နာရီနဲ့အမျှ တိုးနေတာ ဧပြီ ၂၇ ရက်နေ့အထိ ၄၀၀ နီးပါးရှိပြီ ဖြစ်ပါတယ်။ လူအနည်းဆုံး ၆၅၀၀ လည်း ဒဏ်ရာ ရထားပါတယ်။

ဝေးလံခေါင်ဖျားဒေသတွေက လူသေစာရင်းတွေ ဆက်တက်လာနိုင်တာကြောင့် ထပ်တိုးဖို့ ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။ ငလျင်လှုပ်ပြီးနောက် စိုးရိမ် ထိတ်လန့်နေတဲ့ ပြည်သူတွေဟာ အိမ်ထဲမှာ မနေရဲတော့ဘဲ လေဟာပြင်မှာပဲ ယာယီ နေထိုင်နေကြပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးဖို့ အိန္ဒိယက ရဟတ်ယာဉ်တွေ၊ ဆေးဝါးအကူအညီတွေ၊ ကယ်ဆယ်ရေး ၀န်ထမ်းတွေကို စေလွှတ်ထားပါတယ်။ ဒါအပြင် ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ တရုတ်တို့က စေလွှတ်လိုက်တဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေလည်း နီပေါမှာ ရောက်နေကြပါပြီ။ ဗြိတိန်ကလည်း အရေးပေါ် အကူ အညီတွေနဲ့ ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ကို စေလွှတ်ထားပါတယ်။

အကူအညီတွေဟာ အခုမှ စရောက်ခါစဖြစ်ပြီး ပြင်ပက အကူအညီရမှ အသက်ဆက်နိုင်မယ့် ဒုက္ခသည် ဦးရေက သိန်းချီပြီး ရှိနေပါတယ်။ ငလျင်အလွန်မှာ ကလေးငယ်တသန်းလောက် အေ၇းပေါ် အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

DVB

No comments:

Post a Comment