Tuesday 28 April 2015

မိုးလေဝသသတိပေးချက်များကို မိုဘိုင်းဖုန်းများသို့ အခမဲ့ SMS ပေးပို့နိုင်ရန် လုပ်ဆောင်နေသော် လည်း ငွေကြေးပိုင်း အခက်အခဲဖြစ်နေဟုဆို

မိုးလေဝသဆိုင်ရာ သတိပေးချက်များကို မိုဘိုင်းဖုန်းများ သို့ SMS စနစ်ဖြင့် အခမဲ့ပေးပို့ပြီး သတိပေးနိုင်ရန် လုပ်ဆောင်နေသော်လည်း ငွေကြေးပိုင်းမှာ အဓိကအခက် အခဲဖြစ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိ ယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

မိုးလေဝသသတိပေးခြင်းဆိုင်ရာ SMS မျှားပေးပို့ခြင်းအား ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးကုမ္ပဏီများ ဖြစ်သော Oredoo၊ Telenor နှင့် Google Earth တို့ဖြင့်ဆွေးနွေး မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

''ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ တော့ ဆွေးနွေးနေတယ်။ Reply လုပ် တာတော့ မရှိသေးဘူး။ ဒီလုပ်ငန်းက တစ်နေ့ကို ကျပ်သိန်း ၁၀ဝလောက် အသုံးပြုရမှာဆိုတော့ဌာနအနေနဲ့ အခက်အခဲတွေရှိတယ်။ တကယ်လို့ ကုမ္ပဏီတချို့က အခမဲ့လုပ်ပေးနိုင် မယ်ဆိုရင်တော့ သတင်းအချက်အ လက်တွေကို Free ပေးနိုင်ဖို့ ဌာနက ဝန်ဆောင်မှုပေးနိုင်တယ်''ဟုဦးကျော် မိုးဦးကပြောသည်။

ငွေကြေးအရင်းအနှီးများပြား သည့် အဆိုပါစနစ်အားကုမ္ပဏီအချို့ က ပံ့ပိုးပေးနိုင်မည်ဆိုပါက အကောင် အထည်ဖော်ဆောင် နိုင်မည်ဖြစ်ပြီး၊ ယခင်က အော်ရီဒူးဖုန်းများမဖြန့်ချိမီ ကာလက အဆိုပါ SMS ပေးပို့သည့် စနစ်အားပြုလုပ်ရန်လာရောက်ပြော ကြားခြင်းများရှိကြောင်း၊ Google Earth နှင့်လည်း နှစ်ကြိမ်ခန့်ဆွေး နွေးထားပြီဖြစ်ကြောင်း သိရသည်။

''တကယ်လို့ငွေကြေးပိုင်းဆိုင် ရာအဆင်ပြေရင်တော့ချက်ချင်း ကို ဖြစ်လာ နိုင်ပါတယ်''ဟု ဦးကျော် မိုးဦးက ထပ်မံပြောကြားခဲ့ခြင်းဖြစ် သည်။

အဆိုပါစနစ်အား နိုင်ငံတကာတွင်လည်းအသုံးပြုပြီး ဖုန်းအသုံးပြု သူများ အနေဖြင့် အဆိုပါသတင်းအချက် များကို ရယူလိုလျှင်အခမဲ့ထည့်ပေးကြောင်း၊ ယင်းကဲ့သို့ထည့်ပေးခြင်းဖြင့် အများပြည်သူများ အနေဖြင့် လည်း ရာသီဥတုနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ၊ သတိပေးချက်များကို အလွယ်တကူ သိရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။

MMA
‎Democracytoday‬

No comments:

Post a Comment