Tuesday 28 April 2015

စာရေးဆရာ ထင်လင်းဦးတွင် အပြစ်မရှိကြောင်း မြ၀တီမင်းကြီးကျောင်း တိုက်ဆရာတော် တရားခွင်တွင် ထွက်ဆို

စာရေးဆရာ ထင်လင်းဦးတွင် အပြစ်မရှိကြောင်း မြ၀တီမင်းကြီး ကျောင်းတိုက်ဆရာတော် တရားခွင်တွင် ထွက်ဆိုတရားခွင်အတွင်းမှာတော့ ဆရာတော်မှ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ဖြေရှင်းချက်တွေကို ရှင်းလင်း သွားခဲ့ပြီး စွပ်စွဲခံရသူ ဦးထင်လင်းဦးမှာ အပြစ်မရှိကြောင်းကိုလဲ ထွက်ဆိုသွားခဲ့ပါတယ်။


မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော်အရှင် အရိယ၀ံသာဘိဝံသဟာ မြ၀တီမင်းကြီးကျောင်းတိုက်မှာ အိပ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ်ရောဂါ စွဲကပ်နေတဲ့ ဝေဒနာရှင် မိဘမဲ့ကလေးငယ်များကို ပြုစုပေးတဲ့ သုခရိပ်မြုံဂေဟာကိုလည်း ဖွင့်လှစ်ထားပါတယ်။

အမှုမှာ စွပ်စွဲခံထားရသူ ဦးထင်လင်းဦးဘက်ကနေ မြ၀တီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင်အရိယ ၀ံသာဘိဝံသ၊ ကိုတင်မောင်ဦးနဲ့ ကိုဇော်ဘုန်းမြင့်တို့ကို သက်သေအဖြစ် စာရင်းပေးထားပါတယ်။ ကျန်တဲ့ သက်သေ ၂ ယောက်ကိုတော့ မေလ ၈ ရက်နေ့မှာ ဆက်လက်စစ်ဆေးသွားမှာပါ။

သုံးပန်လှကျေးရွာမှာ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဦးဝိစာရအထိမ်းမှတ် စာပေပြောပွဲမှာ စာရေးဆရာ ဦးထင်လင်းဦးရဲ့ ဟောပြောချက်တွေဟာ အမျိုးဘာသာ၊ သာသနာကို ထိပါးစေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားပြီး မုံရွာထောင်မှာ ထိန်းသိမ်းထားပါတယ်။ 

DVB

No comments:

Post a Comment