Tuesday 28 April 2015

မိချောင်းကန် သပိတ်စခန်းမှ ၁၄ဦး ငါးကြိမ်မြောက်ရုံးချိန်း တွင်ကျောက်တံတား အုပ်ချုပ်ရေးမှူးကို စစ်ဆေး

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်မှ သိမ်းဆည်းမြေ များပြန်ရရေးအတွက် ၁၁ လကြာ သပိတ် စခန်းဖွင့် ဆန္ဒဖော်ထုတ်ခဲ့၍ တရားစွဲဆို ခံထားရသည့် မိကျောင်း ကန်ဒေသခံ ၁၄ဦးကို ဧပြီလ၂၈ရက်က ငါးကြိမ်မြောက် ရုံးချိန်း ကိုကျောက် တံတားနှင့် လသာ တရားရုံးနှစ်ခု တွင်ပြုလုပ် ခဲ့သည်ဟု တရားစွဲခံရသူ ကိုမောင်မောင် ကပြောသည်။

''ဒီနေ့ ကျောက်တံတားတရားရုံး ကကျောက်တံတား အုပ်ချုပ်ရေးမှူးကို စစ်တယ်။ လသာစည်ပင် တရားရုံး ကရှေ့နေ မလာလို့ မစစ်တော့ဘူး''ဟု ၎င်း ကပြော သည်။

ဧပြီလ ၂၈ရက် ရုံးချိန်း တွင် အဆိုပါ ၁၄ ဦး ကိုကျောက်တံတား မြို့နယ် တရားရုံးနှင့် လသာစည်ပင် တရားရုံးမှမေလ ၆ရက်နေ့ကို ထပ်မံ ရုံးချိန် လိုက်ခြင်းဖြစ် သည်။

အဆိုပါ မိကျောင်းကန် သပိတ်စခန်းမှ ၁၄ ဦးကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၃ နာရီဝန်းကျင်က ဖမ်းဆီး ခဲ့ပြီး သပိတ်စခန်း ကိုလည်း စည်ပင် ရဲတပ်ဖွဲ့က ဖျက် သိမ်းခဲ့သည်။ ယင်းနောက် အဆိုပါ ၁၄ ဦးကို ကျောက်တံတားမြိုနယ် တရားရုံးမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ဖြင့် လည်းကောင်း၊ လသာမြို့နယ် စည်ပင်သာယာ တရားရုံးမှ စည်ပင်သာယာအက်ဥပဒေ တားမြစ် ချက်ကို မလိုက်နာခြင်းကြောင့် စည်ပင်ဥပဒေ ပုဒ်မ-၆၈ တို့ဖြင့် လည်းကောင်းအမှုဖွင့် ဖမ်းဆီးခဲ့သည်။ ထိုနေ့ ညနေ ၅ နာရီခွဲတွင် အဆိုပါ ဖမ်းဆီးထားသူများအား ကိုယ်တိုင်ခံဝန် အာမခံဖြင့်ပြန် လွှတ်ပေးကာ မတ် ၁၁ ရက် တွင်ရုံးထုတ် ခဲ့ခြင်းဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက် အပိုင်း (၁)၊ (၂)၊ (၃) မှဒေသခံ များက မဟာဗန္ဓုလ ပန်းခြံ ဘေးတွင် ၁၁ လကြာ သပိတ်စခန်းဖွင့်၍ မိမိတို့ သိမ်း ဆည်းခံရ သည့်မြေကို လည်းကောင်း၊ အလားတူ ကာလ တန်ဖိုးရှိ သည့် နစ်နာကြေးကို လည်းကောင်း၊ အစားထိုးမြေကို လည်းကောင်းပြန် လည်ရ ရှိရေး အတွက်တောင်း ဆိုကြခြင်းဖြစ်သည်။

ယင်းအပြင် ဆန္ဒဖော်ထုတ်မှုများနှင့်ပတ်သက်ပြီး မိကျောင်းကန် သပိတ်စခန်းမှ သပိတ်ခေါင်းဆောင် ဦးစိန်သန်းသည် လည်း ထောင်ဒဏ် ၂၄လ ကျခံနေရ သည်။

ရန်ကုန်မြို့တော်ခန်းမ ဝင်/ထွက်ပေါက်ကို တားသပိတ် လုပ်ဆောင်ခဲ့သည့်အတွက်လည်း မိကျောင်းကန် ဒေသခံ ၁၄ ဦးမှာထောင် ဒဏ်ခြောက်လစီ ကျခံနေရ သည်။ မိကျောင်းကန် သပိတ်စခန်း မှဒေသခံများကို အားပေးအားမြောက်ပြုလုပ် သည်ဟုဆိုကာ တက်ကြွလှုပ်ရှားသူ ကိုဝေဠု ကိုကျောက်တံတား တရားရုံး ကထောင်ဒဏ် တစ်နှစ် ကျခံနေရသည်။
Mizzima - News in Burmese​ 

No comments:

Post a Comment