Tuesday 28 April 2015

ဝါးတန်းဆိပ်ကမ်းအနီးတွင် နစ်မြုပ်သွားသည့် ကျောက်စရစ်တင် တွန်း သင်္ဘောကို ပြန်လည်ဆယ်ယူနေ


ဝါးတန်းဆိပ် ကမ်းအနီး နစ်မြုပ်ခဲ့သည့်ကျောက် စရစ်တင်တွန်းသင်္ဘောကို ရေကြောင်း လမ်းရှင်းလင်းစေ ရန် ဆယ်ယူမှုများပြု လုပ်နေပြီဖြစ်ကြောင်း ရေကြောင်းဦးစီး ဌာနမှ သိရသည်။
ဧပြီ ၂၆ရက် ညနေ ၃နာရီ ခန့်က စင်ကာပူနိုင်ငံမှ ကုန်သေတ္တာ တင် သင်္ဘောနှင့်ကျောက်စရစ်များ တင် ဆောင် လာသော တွန်းသင်္ဘောတို့ သည် တိုက်မိခဲ့ပြီး ကျောက်စရစ်တင် သင်္ဘောမှာထက်ပိုင်းကျိုးကာ တစ်ပိုင်းမှာ ဝါးတန်းဆိပ်ကမ်း၊ တံတားအ မှတ်(၆)အနီးတွင် နစ်မြုပ်ခဲ့ပြီး တစ်ပိုင်းမှာ ပန်းဆိုးတန်း ဆိပ် ကမ်း အနီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

''လောလောဆယ်မှာ ရေကြောင်း ရှင်းလင်းဖို့အတွက်ဆယ်ယူရေးလုပ် ငန်းတွေကို ဧပြီ၂ရရက်မှာ စတင်လုပ် ဆောင်နေပါတယ်။ ပိုင်ရှင်တွေအစီ အစဉ်နဲ့ပဲ ဆယ်တာပါ။ ကျန်တဲ့ကိစ္စ တွေကတော့ နိုင်ငံခြား သင်္ဘောလဲ ပါနေတဲ့အတွက် ဒီအမ်အေကစစ်ဆေးပြီး လိုအပ်တာတွေ ဆက်လုပ်သွားမှာ ပါ''ဟု ရေကြောင်း ဦးစီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောသည်။

ယခုအခါတွင် ပန်းဆိုးတန်း ဆိပ်ကမ်းအနီးရှိ နစ်မြုပ်နေသည့်အ ပိုင်းကို ဆယ်ယူရန်ပြင်ဆင်နေပြီဖြစ် ကာ ဝါးတန်းဆိပ်ကမ်းအနီးရှိ နစ်မြုပ် နေသည့်အပိုင်းနေရာတွင် အမှတ် အသားချထားပြီး ရေငုပ်သမားများ ဖြင့် ဆယ်ယူရန်စီစဉ်နေကြောင်း သိရသည်။

ကျောက်စရစ်တင်သင်္ဘောမှာ နိုင်ငံခြားသင်္ဘော၏ ဦးပိုင်းတွင်ချိတ် ၍ပါလာပြီး ဝါးတန်းဆိပ်ကမ်းရှေ့ အရောက်တွင်မှ ခါးမှထက်ပိုင်းကျိုး ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးများရွာသွန်းနေကြောင်း သင်္ဘော နစ်မြုပ်မှုကိုမြင်တွေ့ခဲ့ရသည့် ဝါး တန်းဆိပ်ကမ်းတွင်ရပ်ထားသည့် ကုန် တင်သင်္ဘောပေါ်မှ အလုပ်သမားတစ် ဦးက ပြောသည်။

''တွန်းသင်္ဘောကပြုတ်ပြီးထွက်သွားတော့ လူသေဆုံးတာတော့ မရှိ ပါဘူး။ လေအရမ်းတိုက်ပြီး မိုးရွာနေလို့ ရေကြောင်းလွဲပြီး မတော်တဆဖြစ်တာပါ။ ဖြည်းဖြည်းချင်းကျိုးပြီး နစ်သွားတာမြင်လိုက်ရတယ်''ဟု ယင်းက ပြောသည်။

NH
Democracytoday

No comments:

Post a Comment