Tuesday 28 April 2015

ရုရှားသင်္ဘောနစ်မြုပ်ရာတွင် ပါဝင်ခဲ့သည့် မြန်မာသင်္ဘောသား ၄၂ဦး၏ မိသားစုဝင်များနှင့် ကုမ္ပဏီများ ဧပြီ ၃ဝရက်တွင်တွေ့မည်

မြန်မာသင်္ဘောသားများကို ရုရှားဘက်ကပေးသော နစ်နာကြေးအပြင် မြန်မာသင်္ဘောကုမ္ပဏီများ ဘက်က လည်း ထပ်ပေးရမည်ဟုဆို
ရုရှားငါးဖမ်း သင်္ဘောတိမ်းမှောက်ရာတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား သင်္ဘော သား ၄၂ဦး၏ မိသားစုဝင် များနှင့် ယင်းတို့ကို ပို့ဆောင်ခဲ့သည့်ကုမ္ပဏီများ ဧပြီ ၃ဝရက်တွင် တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း သိရ သည်။

ယင်းသင်္ဘောသား ကုမ္ပဏီ များနှင့် သေဆုံးခဲ့သည့် သင်္ဘောသား ၁၆ဦး၏ မိသားစုဝင်များအပါအဝင် ပျောက် ဆုံး နေသည့် သင်္ဘောသား လေး ဦးနှင့် ကျန်အသက်ရှင်သည့်သင်္ဘော သားတို့တွေ့ဆုံ၍ ညှိနှိုင်း ကြရာတွင် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘော သားအလုပ်သမားများ အဖွဲ့ချုပ် MSF ကဝင်ရောက် ညှိနှိုင်း ဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်းMSF မှဒုတိ ယဥက္ကဋ္ဌ(၁) ဦးစိန်လှိုင်က ပြောသည်။

''မြန်မာသင်္ဘောသားတွေကို ရုရှားဘက်က ပေးတဲ့ နစ်နာကြေး တွေအပြင် မြန်မာသဘောင်္ကုမ္ပဏီတွေ ဘက်လဲ ထပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာကုမ္ပဏီတွေဆီကနေ သင်္ဘော သားတွေရသင့်တဲ့ အခွင့် အရေးတွေ ကိုရရှိအောင် ဆောင်ရွက်ပေးသွား မယ်။ အချို့မြန်မာကုမ္ပဏီတွေက တစ်ဖက်ကပေးရင် သူတို့က ပေးစရာ မလိုတော့တဲ့ပုံစံမျိုး ချော်လဲရော ထိုင်တာမျိုးတွေ မဖြစ်အောင်ဆောင် ရွက်ပေးသွား မှာဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။

သင်္ဘောတိမ်းမှောက်ရာတွင် သေဆုံးခဲ့သည့် မြန်မာသင်္ဘောသား ၁၆ဦးအတွက် ယင်းတို့နှင့် ချိတ်ဆက် သွားခဲ့သည့် မြန်မာ သင်္ဘောသား ကုမ္ပဏီဘက်မှ တစ်ဦးလျှင် အမေရိ ကန်ဒေါ်လာ ၃၀၀၀၀ ပေးလျော် ရမည် ဖြစ်ပြီး သေဆုံးခဲ့သည့် သင်္ဘောသား များ အပါအဝင် ပျောက်ဆုံးနေသည့် သင်္ဘောသားများနှင့် အသက်ရှင် ကျန်ခဲ့သည့် သင်္ဘောသားများ၏ပျောက် ဆုံးသွားသည့် စာရွက်စာတမ်း ပစ္စည်းများအတွက် အမေရိကန် ဒေါ်လာ ၃၀၀၀၊ သင်္ဘောသားများ ကျန်ရစ်သည့် အသေးသုံးပိုက်ဆံများ၏ တန်ဖိုးအတွက် အမေရိကန် ဒေါ် လာ ၃၀ဝနှင့် သဘောင်္သားများ၏ လစာငွေများကို မြန်မာသင်္ဘောသား ကုမ္ပဏီများက ပေးလျော်ရမည်ဖြစ် ကြောင်း MSF မှအထွေထွေ အ တွင်းရေးမှူး ကပ္ပတိန်ဦးထွဋ်ထွဋ်က ပြောသည်။

''အကြမ်းဖျင်း အားဖြင့်တော့ ရုရှားအစိုးရက ရူဘယ်တစ်သန်း ထောက်ပံ့မယ် လို့ ပြောထားတဲ့ အတွက် ရဖို့များပါတယ်။ မြန်မာ ကုမ္ပဏီတွေက အနည်းဆုံး ကန်ဒေါ် လာ သုံးသောင်းပေးရမယ်။ ဘာကြောင့် လဲဆိုတော့ ရေကြောင်း ပို့ဆောင် ရေးနဲ့ ကုမ္ပဏီကြားချုပ်ဆိုထားတဲ့ စာချုပ်အရကြောင့် ဖြစ်ပါတယ်။ ဒါက အနိမ့်ဆုံး နှုန်းထားတစ်ခုဖြစ်ပါတယ်။ အဲဒီမှာမှ ရာထူးအနိမ့် အမြင့်အ လိုက် ဒေါ်လာသုံးသောင်းထက် ကျော် ချင်လည်း ကျော်သွားနိုင်တယ်။ ဒါက ယေဘုယျ သဘောပြောတာပါ။ အခု ချိန်ထိ လက်ထဲကို ဘယ်ကမှ ငွေတွေ မရောက်သေးတော့ အတိအကျပြော လို့ မရနိုင်သေးဘူး''ဟု ၎င်းက ပြော သည်။

မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံကြေး ပေးသွင်းထားခဲ့သည့် သင်္ဘောသားများကို လည်းလျော်ကြေး ငွေများ ရရှိရန်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

''သင်္ဘောသားကုမ္ပဏီတွေက လူကုန်ကူးမှု ဥပဒေနဲ့ ငြိလားမငြိ ဘူးလားဆိုတာကို အဆင့်ဆင့် စစ် ဆေးဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု အမှတ် ၆လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲစု (ရန်ကုန်) ဒုရဲ မှူးမျိုးသိန်း ဒုတပ်ဖွဲ့စုမှူးက ပြော သည်။

မြန်မာသင်္ဘောသား ၄၂ဦး တွင် သေဆုံးသူ သင်္ဘောသား တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၅၀၀၀၊ အသက် ရှင်သည့် သင်္ဘော သား တစ်ဦးအတွက် အမေရိကန် ဒေါ်လာ ၃၀၀၀ ကို ရုရှားငါးဖမ်းသင်္ဘော ကုမ္ပဏီက နစ်နာကြေးအဖြစ် ပေး မည်ဖြစ်ပြီး ရုရှားအစိုးရ အဖွဲ့က သေဆုံးသူများအတွက် ရူဘယ်တစ် သန်းစီပေးမည်ဟုသိရှိရကြောင်း MSF မှသိရသည်။

''မောင်တစ်ယောက်လုံး ဆုံးရှုံး ခဲ့တာဆိုတော့ ငွေနဲ့ တန်ဖိုးဖြတ်ပြီး မပြောရက်ပါဘူး။ ဒါပေမဲ့ မောင် လေးမှာက ကလေးကျန်ခဲ့တော့ ကလေး လေးရဲ့ နောင်ရေးအတွက် ထည့်စဉ်း စားဖို့လိုတဲ့အတွက် ငြှ် ချိတ်ဆက် ပြီး ဆောင်ရွက်မှာပေါ့လေ။ အခု ချိန်ထိတော့ ကုမ္ပဏီဘက်ကနေ ဘာမှ မရရှိသေးပါဘူး'' ဟု သဘောင်္တိမ်း မှောက်ရာတွင် သေဆုံးခဲ့သည့် မြန် မာသင်္ဘောသားတစ်ဦးဖြစ်သူ ကို ကောင်းမြတ်ထွန်း၏ အစ်မဖြစ်သူ ဒေါ်ဥမ္မာဆွေက ပြောသည်။

Sea Rider ကုမ္ပဏီမှ ၂ရဦး၊ Top Chance ကုမ္ပဏီက နှစ်ဦး၊ Asia Wave ကုမ္ပဏီက ရှစ်ဦး၊ Light Oasis ကုမ္ပဏီ တစ်ဦးနှင့် Star Global ကုမ္ပဏီက လေးဦးတို့ဖြစ် ကြောင်း သင်္ဘောသား ဌာနခွဲမှ သိရသည်။

မြန်မာရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသား ဌာနခွဲက သဘောင်္သား ဝန်ဆောင် မှု ကုမ္ပဏီ ငါးခုဖြစ်သည့် Sea Rider ကုမ္ပဏီ၊ Top Chance ကုမ္ပဏီ၊ Asia Wave ကုမ္ပဏီ၊ Light Oasis ကုမ္ပဏီနှင့် Star Global ကုမ္ပဏီ တို့ကို နိုင်ငံခြား သင်္ဘောများသို့ သင်္ဘော သား စေလွှတ်ခွင့်ကို ဧပြီ ၃ရက်မှ စတင်ကာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများအသင်းမှ မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ် သမား များ အဖွဲ့ချုပ် MSFအထိ သင်္ဘောသားအခွင့်အရေး ကူညီဆောင် ရွက် ပေးခဲ့သည့် အမှုပေါင်း ၂၉၅မှုရှိ ကြောင်း သိရသည်။

TTMT
‎Democracytoday‬

No comments:

Post a Comment