Tuesday 28 April 2015

နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူဦးရေ သုံးသိန်းနီးပါးခန့်ရှိခဲ့

မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်နိုင်ငံကူးလက် မှတ်အသစ် လျှောက် ထား သူ အရေ အတွက်မှာ နှစ်စဉ်မြင့် တက်လျက်ရှိပြီး လွန်ခဲ့သည့်၂၀၁၄ ခုနှစ်က နိုင်ငံကူး လက်မှတ်အသစ်လျှောက်ထား သူဦး ရေ မှာ သုံးသိန်းနီးပါး ခန့်ရှိကြောင်း နိုင်ငံ ကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့မှ သိ ရသည်။

၂၀၁၄ခုနှစ်က မြန်မာတစ်နိုင်ငံ လုံးအတိုင်းအတာအရ နိုင်ငံကူးလက် မှတ်အသစ်လျှောက်ထားသူ နှစ်သိန်း ကိုးသောင်းခန့်နှင့် သက်တမ်း တိုး လျှောက်ထားသူတစ်သိန်းသုံးသောင်း ခန့်ရှိကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက''နိုင်ငံ ကူး လက်မှတ်သက်တမ်းကို သုံးနှစ်က နေ ငါးနှစ်အထိ တိုးမြှင့်ပြီးနောက် ပိုင်း နှစ်စဉ်နှစ်တိုင်းနိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်တာနဲ့ သက်တမ်း တိုး လျှောက်တဲ့သူတွေ တစ်နှစ်ထက် တစ် နှစ်များလာတာပဲ။ ဒါ့အပြင် နိုင်ငံကူး လက်မှတ်ရုံးခွဲတွေကိုလဲ တိုင်းနဲ့ပြည် နယ်တွေမှာ အသီးသီးဖွင့် လှစ်ထား တော့ နိုင်ငံကူး လက်မှတ်လျှောက် ထားတဲ့သူတွေအနေနဲ့လဲ အရင်လို အချိန်အကြာကြီးစောင့်စရာမလိုဘဲ လုပ်ကိုင်နိုင်လို့ အချိန်တို အတွင်းပြီး စီးပါတယ်'' ဟုပြောသည်။

ယခုအခါနိုင်ငံကူးလက်မှတ် ကို လုံခြုံရေးအဆင့်မြှင့်တင်စေရန် အတွက် e-passport အဖြစ်ပြောင်း လဲလုပ်ကိုင်ရန် အတွက် ပြည်တွင်း ရှိ နည်း ပညာ ကုမ္ပဏီများကို တင်ဒါခေါ် ယူထားပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံကူး လက်မှတ်ကို ယခင်ကသုံး နှစ် သက်တမ်းအဖြစ် သာပြုလုပ်ခဲ့သော် လည်း ၂၀၁၂ခုနှစ်၈လပိုင်းမှစတင် ကာ နိုင်ငံကူးလက်မှတ်သက်တမ်းကို သုံးနှစ်မှငါးနှစ် သို့တိုးမြှင့်လိုက်ကြောင်း သိရသည်။

၂၀၁၂ခုနှစ်ကနိုင်ငံ ကူးလက် မှတ်အသစ်လျှောက်ထားသူတစ်သိန်း ခုနစ်သောင်းကျော်နှင့် ၂၀၁၃ ခုနှစ် က အသစ်လျှောက်ထားသူနှစ်သိန်း တစ်သောင်းကျော်ရှိကြောင်းသိရ သည်။

KMZ
‪‎Democracytoday‬

No comments:

Post a Comment