Monday 2 February 2015

ဆိုနီက Xperia Z4 ဖြန့်ချိမည့် အချိန်ကို နွေရာသီအကုန်သို့ ရွှေ့ဆိုင်း

Sony က Xperia Z4 ကို Mobile World Congress တွင် ထုတ်ဖော်ပြသရန် ရည်ရွယ်ထားခဲ့သော်လည်း နွေရာသီအလွန်တွင်မှ စတင်မိတ်ဆက်ရန် ရွှေ့ဆိုင်းခဲ့သည်ဟု T3 သတင်းဌာနက ဖော်ပြထားသည်။

ဆိုနီ၏ ထိုင်ဝမ်ဌာနခွဲ အထွေထွေမန်နေဂျာ Jonathan Lin က "ကျွန်တော်တို့ရဲ့ လက်ရှိဗျူဟာက ဆိုနီထုတ်ကုန်တွေရဲ့ သက်တမ်းကို ဘယ်လိုရှည်အောင် လုပ်မလဲ ဆိုတာပါ။ မိုဘိုင်းဖုန်းအသစ်တွေနဲ့ အရောင်အသစ်တွေ ထုတ်နိုင်ဖို့ လုပ်နေပါတယ်" ဟု ဆိုသည်။

ဆိုနီသည် စမတ်ဖုန်းသစ်တစ်လုံးထွက်ပြီး ခြောက်လအကြာတွင် ယင်းစီးရီးစမတ်ဖုန်းသစ် ထုတ်လေ့ရှိသည်ဟု T3 က သုံးသပ်ဖော်ပြထားသည်။ ဆိုနီ၏ ဘလော့ဂ်များတွင် Xperia Z4 ကို မျှော်လင့်ထားသည့် Mobile World Congress 2015 တွင် မိတ်ဆက်နိုင်လိမ့်မည် မဟုတ်ဘဲ နွေရာသီ ကာလအတွင်းမှသာ ထုတ်ဖော်ပြသနိုင်လိမ့်မည်ဟု ဖော်ပြကြသည်။ ဆိုနီက Xperia Z4 ကို မိတ်ဆက်မည့် အချိန်သည် မတ်လအတွင်း ဖြစ်နိုင်သည်ဟု T3 က ခန့်မှန်း ဖော်ပြထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment