Monday 2 February 2015

အကြွေးဆပ်နိုင်လျက်နှင့် ပြန်မဆပ်သည့် လယ်သမားများကို တရားစွဲဆိုမည်ဟုဆို

ဧရာဝတီတိုင်းမှ လုပ်ငန်းခွင်ဝင်နေသော လယ်သမားအချို့ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ဧရာဝတီတိုင်းဒေသကြီးအတွင်း ချေးငွေပြန်မဆပ်သည့် လယ်သမားများအနက် ငွေရှိလျက်နှင့် ပြန်မဆပ် သူများကို စာရင်းကောက်ပြီး တရားစွဲဆို သွားမည်ဖြစ်ကြောင်းသတင်းရရှိ သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း အစိုးရဘဏ်မှချေးငွေရယူထားပြီး ပြန်မဆပ်သည့်လယ်သမား  တစ် သောင်းခွဲကျော် တရားစွဲဆိုရန် ၂၀၁၄နှစ်ကုန်တွင် စီစဉ်ခဲ့သော်လည်း အမှန်တကယ် မဆပ်နိုင်သည့် သူများ  နစ်နာမည် စိုးရိမ်၍ ယခုကဲ့သို့ စာရင်း ကောက်ပြီး တရားစွဲဆိုခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဦးဆန်းမောင် ကပြောသည်။

‘‘ဘဏ်အတိုးက သက်သာတော့ ကိုယ့်အကျိုးစီးပွားအတွက် အသုံးချနေကြတယ်။ ချေးငွေကို ဆပ်နိုင် ရက်သားနဲ့ ပြန်မဆပ်ချင်လို့ ဒါကြောင့်အခုလို တရားစွဲဖို့လုပ် တာ’’ဟု ၎င်းကပြောသည်။

အကြွေးမဆပ်သည့်လယ် သမားများ၏ စီးပွားရေးအခြေအ နေကို ဧရာဝတီတိုင်းလယ်ယာ စိုက်ပျိုးရေး ဘဏ်မှ စာရင်းများ ကောက်ယူနေပြီး စာရင်းများအ သေးစိတ်လေ့လာပြီးပါက တရားစွဲဆို သွားမည်ဖြစ်ကြောင်းဦးဆန်း အောင်ကပြောသည်။ချေးငွေများကို ၂၀၁၄စက်တင်ဘာလကုန်အထိ ပြန်ဆပ် ရန် အချိန်သတ်မှတ်ပေးပြီးနောက် စိုက်ပျိုးစရိတ်ချေး ငွေပြန်မဆပ်နိုင်သည့် လယ်သ မားတစ်သောင်း ခွဲကျော်ကို တိုင်း ဒေသကြီး လယ်ယာစိုက်ပျိုးရေး ဘဏ်မှ တရားစွဲရန်စီစဉ်ခဲ့သည်။

၂၀၁၃ စိုက်ပျိုးစရိတ်အ တွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သို့ ချေးငွေပြန်မဆပ်သူ ၁၅ ,၄၇၂ ဦး ရှိပြီး ငွေကျပ် ၈ ဒသမ ၉  ဘီလီယံရှိသည်။ ယင်းတို့တွင် ပုသိမ်ခရိုင်တွင် ပုသိမ်၊  ကန်ကြီး ထောင့်၊ သာပေါင်း၊ ငပုတော၊ ကျောင်းကုန်း၊ ရေကြည်၊ ဟင်္သာတခရိုင်တွင် အင်္ဂပူ၊ လေးမျက် နှာ၊ မြောင်းမြခရိုင်တွင် မြောင်း မြ၊ ၀ါးခယ်မ၊ လပွတ္တာ ခရိုင် တွင် မော်လမြိုင်ကျွန်း၊ မအူပင် ခရိုင်တွင် ပန်းတနော်နှင့် ဖျာပုံခရိုင်တွင် ဘိုကလေးနှင့် ဒေးဒရဲ မြို့နယ်များဖြစ်သည်ဟု အထက် ပါဘဏ်မှ သိရသည်။

‘‘အရင်တုန်းက တရားစွဲမယ် ဆိုပြီး လုပ်တယ်။ မစွဲဖြစ်ဘူး။ အဲဒီကတည်းက ဘာအသံမှ မ ကြားသေးဘူး။ လယ်သမားတွေ က မဆပ်ရတော့ဘူးထင်နေတာ။ အခုထိတော့ ဘာမှ ထပ်မကြားရ သေးဘူး’’ဟု ကန်ကြီးထောင့်မှ လယ်သမားတစ်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ်က ဧရာဝတီတိုင်းအတွင်း စပါးရိတ်သိမ်းချိန်တွင် အခါလွန်မိုးကြောင့်လယ် သမားများ ဒုက္ခ ရောက်ခဲ့သဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စိုက်ပျိုးစရိတ်ချေးငွေမဆပ်နိုင်သည့် လယ်သမား များအား  တရားစွဲခြင်းကို စောင့်ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။

7Day DAILY 

No comments:

Post a Comment