Monday 2 February 2015

အမျိုးသမီးများ စစ် မှု မ ထမ်း မ နေ ရ စ နစ် တစ်ရပ်ကို မြောက်ကိုရီးယား စတင်ချမှတ်

မြောက်ကိုရီးယား အစိုးရသည် နိုင်ငံအတွင်း ရှိ လက်နက်ကိုင် တပ်ဖွဲ့အင်အား တိုးမြှင့်နိုင်ရန် ကြိုးပမ်းချက် တစ်ရပ်အဖြစ် နိုင်ငံအတွင်းရှိ အမျိုးသမီးများအား စစ်မှုမထမ်း မနေရစနစ် တစ်ရပ်ကို စတင်ချမှတ် လိုက်ကြောင်း သိရသည်။အဆိုပါ စစ်မှုမထမ်း မနေရ စနစ်အရ နိုင်ငံအတွင်းရှိ အလယ်တန်းနှင့် အထက် တန်း ပညာရေးအဆင့် အောင်မြင်ပြီးသူ အသက် ၁၇နှစ်နှင့် ၂ဝနှစ်အကြား အမျိုး သမီးများမှာ လက်နက် ကိုင် တပ်ဖွဲ့များအတွင်း ဝင်ရောက်အမှုထမ်းရ မည်ဖြစ်ပြီ ၎င်းတို့အား ပြည်နယ် အသီးသီးတွင် တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါစနစ်ကို အာဏာပိုင်များက လက်တွေ့ကျင့်သုံးရန် စီစဉ်လျက် ရှိသည်ဟု ဖော်ပြချက် များအရ သိရသည်။ သို့ရာတွင် အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့်မတူဘဲ လက်နက်ကိုင် တပ်ဖွဲ့ များတွင် ၎င်းတို့၏အသက် ၂၃နှစ် အထိသာ တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်းသိရသည်။

မြောက်ကိုရီးယားနိုင်ငံ အတွင်းရှိ အမျိုးသားများမှာ နိုင်ငံအတွင်း ပြဋ္ဌာန်း ထားသည့်ဥပဒေအရ ၁ဝ နှစ်ကြာ စစ်မှုထမ်းရလေ့ ရှိသည်။

မြ၀တီ 

No comments:

Post a Comment