Monday 2 February 2015

၂၀၁၅နှစ်ဦးတွင် ပါမစ်မကျသေးဘဲကြိုဆောက်သဖြင့် အင်ဂျင်နီယာ လိုင်စင် ပိတ်သိမ်းအရေးယူဆောင်ရွက်မှုများရှိနေ

ပါမစ်မကျသေးဘဲကြိုတင်ဆောက်လုပ်သည့် စည်းကမ်း မဲ့ လိုင်စင်ရအင်ဂျင်နီယာ အချို့ကို အင်ဂျင်နီယာ လိုင်စင် ပိတ် သိမ်းသည်အထိ အရေးယူဆောင် ရွက်မှုများရှိနေကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာ ယာရေးကော် မတီ အင်ဂျင်နီယာ ဌာန(အဆောက်အ အုံ)မှ သိရသည်။

''ပါမစ်မကျသေးဘဲကြိုဆောက် လုပ်ရင် လိုင်စင်ရအင်ဂျင်နီယာမှာ တာဝန်ရှိ တယ်။ ယခုတလော စည်း ကမ်းမဲ့အင်ဂျင်နီယာအချို့ကို လိုင် စင်တစ်နှစ် ပိတ် သိမ်းသည့်အမှု၊ လိုင် စင်ခြောက်လပိတ်သိမ်းမှုနဲ့စည်း ကမ်းမလိုက်နာတဲ့ လိုင်စင်အင်ဂျင် နီယာတွေကို ခေါ်ယူ သတိပေးတာ တွေများလာပါတယ်''ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီအင်ဂျင်နီယာဌာန(အဆောက် အအုံ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဇန်နဝါရီ ၂၁ရက်တွင် တောင် ဥက္ကလာပမြို့နယ်တွင် ကန်ထရိုက် တိုက်ဆောက် လုပ်ရာ၌ခွင့်ပြုချက် မရမီ မြေပြင်တွင် ကြိုတင်ဆောက် လုပ်ထားပြီး နှစ် ခန်းတွဲ တိုက် သုံး ထပ်ခွဲနှစ်လုံးအား တတိယကြမ်း ခင်း လောင်းသည့် အဆင့် သို့ ရောက် ရှိ နေကြောင်း စစ်ဆေးတွေ့ ရှိသဖြင့် အဆိုပါတိုက် ကို ဆောက် လုပ်သည့် လိုင်စင်ရအင်ဂျင်နီယာအား လိုင်စင် တစ်နှစ်ရုပ် သိမ်းခဲ့ပြီး ယခုလိုဖြစ်ရပ် မျိုးနှင့် စည်းကမ်း မလိုက်နာသည့် လိုင်စင်ရ အင်ဂျင်နီယာ အချို့ကို အင် ဂျင်နီယာလိုင်စင်ခြောက်လနှင့် တစ် နှစ်ပိတ် သိမ်းသည်အထိ အရေးယူ ဆောင် ရွက်နေကြောင်း သိရသည်။

''ဌာနအနေနဲ့အခုလိုမျိုး စည်း ကမ်းမဲ့အင်ဂျင်နီယာအချို့ကို ထိ ရောက်စွာ အရေးယူမှ စည်းကမ်းမဲ့ အင်ဂျင်နီယာတွေနည်းပါးလာမှာပါ။ ကော်မတီ မှထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက် နာဆောင်ရွက် ရန်ပျက်ကွက်ခြင်း တွေကြောင့် အင်ဂျင်နီယာလိုင် စင်ကို ခြောက်လ၊ တစ်နှစ်ရုပ်သိမ်းပြီး တာနဲ့ ဌာနကထုတ်ပေးထားတဲ့အင် ဂျင်နီယာလိုင်စင် သက်သေခံကတ် ပြားပါ သိမ်းယူသွား မှာပါ''ဟု ပြော သည်။

စည်းကမ်းမဲ့အင်ဂျင်နီယာ အ ချို့ကို လိုင်စင်တစ်နှစ်ပိတ်သိမ်းသည့် အမှုနှစ်မှု၊ လိုင်စင်ခြောက်လပိတ် သိမ်းမှုနှစ်မှုနှင့်စည်းကမ်း မလိုက်နာ သော လိုင်စင်ရအင်ဂျင်နီယာများကို ခေါ်ယူသတိပေးမှုမှာ ၅ဝနီးပါးရှိ ကြောင်း သိရသည်။ 

''စည်ပင်ဌာနမှာ ကျွန်တော် ဆိုပါမစ်ကျဖို့ တော်တော်စောင့် လိုက်ရတယ်။ အခုချိန်ထိ ပါမစ်မ ကျသေးလို့ အဲဒီတိုက်ကိုမဆောက် ရသေးဘူး။ စည်ပင် ဘက်ကလဲ ပါမစ် တွေကို မြန်မြန်ဆန်ဆန်နဲ့ချပေးဖို့ လိုအပ် ပါတယ်။ ဒါမှသာ နှစ် ဦးနှစ် ဖက်အဆင်ပြေပြီး အခုလိုပါမစ်မ ကျသေးဘဲ ကြိုတင်ဆောက် လုပ်မှုတွေ နည်းမှာပါ''ဟု ကမာရွတ်မြို့ နယ်ရှိ လိုင်စင်ရ အင်ဂျင်နီယာတစ်ဦး က ပြောသည်။

TST
‎Democracytoday‬

No comments:

Post a Comment