Monday 2 February 2015

ဂျပန်လေလံဈေးနှုန်းမြင့်တက်မှုကြောင့် ကားဈေးကွက်များ မကျနိုင်သေး

ဂျပန် လေလံဈေးနှုန်းမြင့်တက်နေခဲ့မှု ကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်း များအတွင်း ကားဈေးနှုန်းများ ယခု လပိုင်းအတွင်း ပြန်လည်ကျဆင်း ရန်မဖြစ်နိုင်သေးကြောင်း မော်တော် ကားရောင်းဝယ်ရေး လုပ်ကိုင် သူ များထံမှ သိရသည်။
ယခုအပတ်အတွင်း ရန်ကုန် မြို့ရှိ ယာဉ်ရောင်းဝယ်ရေးစခန်းများ အတွင်းမော်တော်ကား ဈေးနှုန်း များမှာ ကျပ်၅သိန်းမှ ၁ဝသိန်းဝန်း ကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့သော် လည်းအရောင်းအဝယ်မှာ အေးစက်ခဲ့ကြောင်း ယင်းတို့ကဆိုသည်။

သီရိမင်္ဂလာ ယာဉ်ရောင်းဝယ် ရေးစခန်းမှ ဝါရင့်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးကျော်နိုင်က ''ဒီဇင်ဘာ မှာ ပါမစ်ဖွင့်တဲ့အချိန် ကားအဆွဲ များတဲ့အတွက် ဂျပန်လေလံဈေးက နည်းနည်းတော့ တက်သွားတယ်။ ဈေးတက်တာကတော့ ဒီတစ်ခုတည်း မဟုတ်ဘူး။ ကားပါကင်တို့၊ CIF တို့နဲ့လည်း ဆိုင်တယ်။ ဒီလပိုင်း မှာတော့ ဈေးနှုန်းကျဖို့မရှိနိုင်ဘူး'' ဟုဆိုသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားသစ်တင်သွင်းရန်အတွက် ကား ပါကင်ထောက်ခံချက် လိုအပ် ရာ တစ်လလုံး အတိုင်းအတာဖြင့် မော်တော် ယာဉ်အစီးရေ (၉၀)နီးပါးသာ ရန်ကုန်တိုင်းဒေသကြီးမှ ထောက်ခံချက် ထုတ်ပေးထား ကြောင်း ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

ဝါရင့် ယာဉ်ရောင်းဝယ်ရေးလုပ် ကိုင်သူတစ်ဦးက ''အရင်နှစ်တွေက ၂၀၀၄ မိုဒယ်ကားတစ်စီးက CIF ၈၀၀၀ ၊ ၂၀၀၃ မိုဒယ်က ၄၅၀၀ ဆိုရင် ပုံမှန်အတိုင်း ဒီနှစ် မှာ ၂၀၀၄ မိုဒယ်ရဲ့ CIF ၄၅၀၀ ဖြစ် ရမှာ။ အခုက CIF ရဲ့ ၅ ရာခိုင်နှုန်း လျှော့ပေးတယ်'' ဟု ဆိုသည်။

ယင်းအပြင် ကားပါကင် ထောက်ခံချက် မလိုအပ်သည့် စလစ် ဈေးများမှာလည်း ကျပ် ၄၅ သိန်း ပတ် ဝန်းကျင်မှ ကျပ်သိန်း ၅၀ ကျော်သို့ မြင့်တက်ခဲ့သဖြင့် ကား ဈေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း မှ ဦးဇော်လင်းက ''ကားဈေးက တက်နေတော့ အရောင်းအဝယ်က ပုံမှန်ခပ်အေးအေးပဲ သွားနေတယ်။ မဖြစ်မနေ လိုအပ်တဲ့ လူတွေလောက် ကားဝယ်စီးဖို့ အဆင်ပြေတယ်။ ကားက ဝယ်လိုက်ပြီဆိုရင် အရှုံးပဲ ရှိတယ်'' ဟုဆိုသည်။

လက်ရှိ မော်တော်ကားဈေး ကွက်အတွင်း အရောင်းအဝယ် အေးစက်နေသော် လည်း ပြည်တွင်း ကား ဈေးနှုန်းများအနေဖြင့် ကျဆင်းနိုင်ဖွယ်မရှိဘဲ အမြင့်ဈေးဖြင့်ပင် ဆက်လက်တည်ရှိနေနိုင်ကြောင်း ဝါရင့် ယာဉ် ရောင်းဝယ်ရေးလုပ်ကိုင် သူများက ဆိုသည်။

Democracy today

No comments:

Post a Comment