Monday 2 February 2015

အမေရိကန် ဗီဇာစည်းမျဉ်း များပြန်လည် တင်းကျပ်ရန် အမတ်များ တိုက်တွန်း

အမေရိကန် အစိုးရသည်နိုင်ငံသို့ လာရောက်သည့် ဥရောပ တိုက်သားများနှင့် အခြားနိုင်ငံ သားများ အတွက် ဗီဇာကင်း လွတ်ခွင့်ပြု ထားရာ ပါရီ တိုက်ခိုက် မှုဖြစ်ပေါ် ပြီးနောက် စစ်သွေး ကြွများသည် အဆိုပါ အခြေအနေအပေါ် အခွင့်အရေးယူ တိုက်ခိုက်မှုများပြုလုပ် သွားနိုင်သောကြောင့်နိုင်ငံ၏ ဗီဇာစနစ်ကို ပြောင်းလဲရန် အမေရိကန် လွှတ်တော် အမတ်များက တိုက်တွန်း လိုက်ခြင်းဖြစ်သည်။

၃၈နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များအား ဗီဇာကင်းလွတ်ခွင့်ပြုထားခြင်းသည် အမေရိကန်နိုင်ငံ၏ အား နည်းချက် တစ်ရပ်ဖြစ်နေကြောင်း ဗီဇာစည်း မျည်းအား တင်းကြပ်ရန်တောင်း ဆိုထားသူ အထက် လွှတ်တော် အမတ် ဒန်နီဖန်စတိန်း ကပြောသည်။

ပြင်သစ်နိုင်ငံ  မြို့တော်  ပါရီရှိ  Charlie Hebdo  မဂ္ဂဇင်း  တိုက်အား ဇန်နဝါရီလ အတွင်းက တိုက်ခိုက်မှု များဖြစ်ပွားခဲ့ရာ အနောက်နိုင်ငံနိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်ထားသူ အစွန်းရောက်များက ဗီဇာ ကင်းလွတ် ခွင့်အစီအစဉ်ကို အသုံးချကာ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်လမည်ကို အမေရိကန် အစိုးရ အဖွဲ့ အတွင်း စိုးရိမ်မှုများ လည်းဖြစ်ပေါ် လျက်ရှိသည်။

အထက် လွှတ်တော်ထောက် လှမ်းရေးကော် မတီ အကြီး အကဲဟောင်း တစ်ဦးဖြစ်သူ ဖန်စတိန်းသည် ဗီဇာ စည်းမျဉ်း စည်းကမ်းများ တင်းကျပ်ရေး အတွက်အ ဆိုတစ်ခု ကိုပြင်ဆင်နေပြီး လွှတ်တော်သို့ မကြာမီ တင်သွင်းသွား မည်ဖြစ်ကြောင်း ၎င်း၏လက်ထောက်များ ကပြောကြားသည်။

မီချီဂန်ပြည်နယ်မှ ရီပတ်ပလစ်ကင် အမတ်တစ်ဦးဖြစ်သူ ကင်ဒိုက်စ်မေလာအပါအဝင် အခြားလွှတ်တော် အမတ်များကလည်း ဗီဇာဥပဒေပြင်ဆင်ရေးအတွက် စဉ်းစားထားကြကြောင်း သိရသည်။

အကြမ်းဖက်မှုများ လုပ်ဆောင်နိုင် ဖွယ် ရှိသူများနှင့် ပတ်သက်သည့် အရေး ကြီးသည့် သတင်း အချက် အလက်များ ကိုမပေးနိုင် သည့်နိုင်ငံများ ကိုအမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက ဗီဇာကင်းလွတ်ခွင့် အစီအစဉ်မှ ဆိုင်းငံ့နိုင်ခွင့်ရှိမည့် ဥပဒေကြမ်းတစ်ခုကိုလည်း ကင်ဒိုက်စ်မေလာက လွှတ်တော်သို့တင်သွင်း ထားကြောင်း သိရသည်။

ပါရီမြို့တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူများသည် ပြင်သစ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်နေသည့် အပြင် ဆီးရီးယား၊ အီရတ်တို့တွင် အိုင်အက်စ် အဖွဲ့အတွင်း ဝင်ရောက်တိုက်ခိုက်ပေးနေသည့် ဥရောပတိုက်သား အရေအတွက်၃,ဝဝဝ မှ ၅,ဝဝဝ အထိရှိနေခြင်းသည်အမေရိကန်နိုင်ငံ၏ လုံခြုံရေး အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ် လာခဲ့သည်။

စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် ဇာကာရစ်မူဆိုအီဆိုသူသည်လည်း ထိုစဉ်က ပြင်သစ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခဲ့သူဖြစ်ပြီး ၂ဝဝ၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက အမေရိကန်သို့ ပျံသန်းမည့် လေယာဉ်တစ်စင်းကိုဖောက်ခွဲရန် ဖိနပ်အတွင်း ဖောက်ခွဲရေးပစ္စည်း သယ်ဆောင် လာခဲ့သူ ရစ်ချက် ရိတ်ဒ်ဆိုသူ သည်လည်း ဗီဇာကင်းလွတ်ခွင့်ရထားသည့် ဗြိတိန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ တစ်ဦးဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment