Monday 2 February 2015

မြန်မာယူ-၁၈ အသင်းကို ပြိုင်ပွဲအတွေ့ အကြုံရစေရန် လိဂ် ၂ တွင် ယှဉ်ပြိုင်ခွင့်ပြုရန် ရှိ

ကမ္ဘာ့ဖလားဝင်ခွင့်ရ မြန်မာ ယူ-၂ဝ အသင်းကဲ့သို့အောင်မြင် မှုရရှိစေရေးအတွက် မြန်မာယူ-၁၈ အသင်းကိုပြိုင်ပွဲအတွေ့အကြုံရရှိရန်လိဂ် ၂တွင်ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြု သွားရန်အစီအစဉ်ရှိကြောင်း ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။
လက်ရှိတွင် မြန်မာယူ၁၈ အသင်းမှ တာဝန်ရှိသူအချို့သည် နိုင်ငံတကာပြိုင်ပွဲများအား ဝင်ရောက် ယှဉ်ပြိုင် ရန် ရှိသည့်အတွက် လေ့ကျင့်မှုနှင့်အတူ ပြိုင်ပွဲအတွေ့အကြုံများ ရရှိရေးအတွက် အသင်းအား ကမ္ဘာ့ဖလားဝင်ခွင့်ရရှိခဲ့သည့် ယူ-၁၉ အသင်းကဲ့သို့လိဂ် ၂ တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပေးရန် အဖွဲ့ချုပ်သို့တောင်းဆိုထားကြောင်း သိရသည်။

”သေသေချာချာတော့ မပြောနိုင်သေးပါဘူး။ အဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့သက်ဆိုင်ရာ အသင်းတာဝန်ရှိသူ တွေဆွေးနွေးဖို့ရှိပါတယ်။ ဆွေးနွေးပွဲ အတည်ပြုပြီးမှပဲ လိဂ် ၂ မှာ က စား ခွင့်ပြု မပြုကို ထုတ်ပြန် ကြေညာ ပေးသွားမှာပါ” ဟု ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လိဂ် ၂ တွင် ယှဉ်ပြိုင် ကစားခွင့်ပြုခဲ့ပါက ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိ သွားသည့် ယူ-၂ဝ အသင်းပုံစံ အတိုင်း အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ပါက MNL အသင်း ကြီး ပြိုင်ပွဲကိုတန်းတက်ယှဉ်ပြိုင်ပွဲ ခွင့်ပြုမည်မဟုတ်ကြောင်း၊ ဖိတ်ေ ခ်ါပြိုင် ပွဲ များ၊ ခြေစမ်းပွဲများရှိပါက သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း၊ အတွေ့အကြုံကောင်း ရရန်အတွက် သီသန့်ထည့်သွင်းယှဉ်ပြိုင်မည့် အနေအထားသာရှိ မည်ဖြ စ်ကြောင်း သိရသည်။

” ရက်ပိုင်းအတွင်းသတင်း ထုတ်ပြန်ပေးမှာပါ။ လိဂ် ၂ ပြိုင်ပွဲကလည်း စတင်တော့မယ်ဆိုတော့ ပွဲစဉ် ဇယားတွေ ရေးဆွဲသွားရမှာပါ။  ယူ ၁၈ အသင်းအနေနဲ့ကလည်း ပြိုင်ပွဲတွေရှိနေတော့ သူ့အတွက်လည်း ကောင်းမှာပါ။ လောလောဆယ်တော့ အတည်ပြုချက်ကို စောင့်နေရမှာပါ”ဟု ၎င်းက ဆက်ပြောသည်။ ယူ-၂ဝ ကမ္ဘာ့ဖလား ဝင်ခွင့်ရ မြန်မာလူငယ်အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယူ ၂ဝ ကမ္ဘာ့ ဖလားခြေစစ်ပွဲအတွက် လိဂ်၂ တွင် နှစ်ရာသီနီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွက် ပြိုင်ပွဲ အတွေ့ အကြုံများရရှိကာ အောင်မြင်မှုရခဲ့ကြောင်းသိရသည်။

Popular Myanmar News Journal 

No comments:

Post a Comment