Monday 2 February 2015

တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ် (ITC) ဖြင့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းမှသာ ကုန်သွယ်မှုအများဆုံး

တစ်ဦးချင်းကုန်သွယ်မှုလုပ် ငန်းရှင်မှတ်ပုံ တင်လက်မှတ် (ITC)ဖြင့် တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းမှ သာကုန်သွယ်မှုအများဆုံးပြုလုပ် လျက်ရှိကြောင်း ကူးသန်းရောင်း ဝယ်ရေးနှင့်စားသုံးသူရေးရာ ဦးစီး ဌာနမှ သတင်းရရှိသည်။

ယခုဘဏ္ဍာနှစ်ဇန်နဝါရီ ၁၆ ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ကန်ဒေါ်သန်းပေါင်း ၃၉၆၈သန်းကျော်ဖြင့် ကုန်သွယ်မှုအ များဆုံးပြုလုပ်ခဲ့သော်လည်း တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ITC) ဖြင့် ကုန်သွယ် မှုပြုလုပ်ရာတွင် တာချီလိတ်နယ် စပ်ကုန်သွယ်ရေးစခန်းမှကျပ်သိန်း ပေါင်း ၂၃၄၆၈သိန်းကျော်ဖြင့် ကုန် သွယ်မှုအများဆုံးပြုလုပ်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံး သူရေးရာဦးစီးဌာနမှ သိရသည်။ 

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ကုန်သွယ်မှုပြုလုပ် တာမှွာှုဃ ကတ်ကို တခြားနယ် စပ်စခန်းတွေထက် တာချီလိတ်နယ် စပ်စခန်းက အများဆုံးအသုံးပြုပြီး ကုန်သွယ်မှုတွေလုပ်တယ်။ ကုန် သွယ်မှုများတဲ့ မူဆယ်တောင် ITC ကတ်လုပ်တာ ၁၃ကတ်လောက်ပဲရှိ တယ်။ စခန်းတော်တော်များများမှာ ITC ကတ်ကိုပို့ကုန်ထက်သွင်းကုန် တင်သွင်းတာမှာ ပိုအသုံးပြုတာများ တယ်''ဟု ပြောသည်။

တစ်ဦးချင်းကုန်သွယ်မှုလုပ် ငန်းရှင်မှတ်ပုံတင်လက်မှတ် (ITC) ကတ်ဖြင့် ယခုဘဏ္ဍာနှစ်ဇန်နဝါရီ ၁၆ရက်ထိ တာချီလိတ်နယ်စပ်ကုန် သွယ်ရေးစခန်းမှ ပို့ကုန်ကျပ်သိန်း ပေါင်း ၃၁၈သိန်းကျော်နှင့် သွင်းကုန် ကျပ်သိန်းပေါင်း ၁၁၉၉၇ သိန်းကျော် စုစုပေါင်းကုန်သွယ်မှုပမာဏကျပ် သိန်းပေါင်း ၂၃၁၄၉သိန်းကျော်ကုန် သွယ်မှုပြုလုပ်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

ယင်းက ''တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းက ဒီဘဏ္ဍာနှစ်အတွင်းမှာ ITC ကတ်လုပ်တာ၁၇၀ ကျော်ရှိတယ်။ ကျိုင်းတုံက၅၅ကတ် လောက်ရှိပေမယ့် ကျန်တဲ့နယ်စပ် စခန်းတွေက ဆယ်ဂဏန်းကျော်ပဲ ရှိတယ်''ဟု ပြောသည်။ 

လက်ရှိနယ်စပ်ကုန်သွယ်ရေး စခန်းများအားလုံးတွင် တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ် (ITC) ကတ်ဖြင့် ပို့ကုန် ကျပ်သိန်းပေါင်း ၂၃၄၃ဝကျော်နှင့် သွင်းကုန်ကျပ်သိန်းပေါင်း ၄၈၃၃၂ သိန်းကျော်စုစုပေါင်း ကုန်သွယ်မှု ပမာဏကျပ်သိန်းပေါင်း ၇၁၇၆၂ သိန်းကျော် ကုန်သွယ်မှုပြုလုပ်ခဲ့ ကြောင်း သိရသည်။

တာချီလိတ်ဒေသခံကုန်သည် ဦးစိုးမြင့်က ''ဒီစခန်းက ပို့ကုန်ထက် သွင်းကုန်များတယ်ဆိုတာက ပြည် တွင်းရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး တော့ တင်သွင်းတဲ့ကုန်ပစ္စည်းတွေ များလို့ပါ။ နောက်ကိုယ့်ဆီကပို့နိုင် တာတွေက သွင်းကုန်ထက်ပိုမများ တာကြောင့်လဲ ပို့ကုန်ကနည်းရတာပါ။ ကုန်သွယ်မှုတွေမှာ ITC ကတ် ခွင့်ပြုပေးတာကြောင့် ဒေသခံကုန် သည်တွေအတွက် အဆင်ပြေလာ တယ်''ဟု ပြောသည်။

တစ်ဦးချင်းကုန်သွယ်မှုလုပ် ငန်းရှင်မှတ်ပုံတင်လက်မှတ် (ITC) ကတ်ကို၂၀၁၂ နိုဝင်ဘာလတွင်စတင် ခွင့်ပြုခဲ့ပြီး၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်တွင် ကျပ်သန်းပေါင်း ၇၃၇ဒသမ ၅၈၁သန်းခန့်၊ ၂၀၁၃-၂၀၁၄ဘဏ္ဍာ နှစ်တွင် ကျပ်သန်းပေါင်း ၆၆၅၆ ဒသမ ၅၁၈သန်းခန့် ကုန်သွယ်မှုပြု လုပ်ခဲ့ပြီး ယခုဘဏ္ဍာနှစ် ဇန်နဝါရီ ၁၆ ရက်ထိ ကျပ်သိန်း ၇၁၇၆၂သိန်း ကျော်ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

TEEP
‎Democracytoday‬

No comments:

Post a Comment