Monday 2 February 2015

ဝေးလံသည့်နယ်စပ်ဒေသများရှိ အခြေခံပညာကျောင်းများတွင် စာသင်ခန်း ၂၀၀၀ တိုးချဲ့ပေးသွားမည်

ဝေးလံဒေ သနှင့်နယ်စပ်ဒေသတို့တွင်ရှိသော အခြေခံ ပညာအလယ်တန်းနှင့်အ ထက်တန်းကျောင်းများ တွင် စာသင်ခန်း ၂၀၀၀ ကိုတိုးချဲ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ပညာရေးဝန်ကြီးဌာနမှပညာ ရေးတိုင်း ၁၈ခုရှိ အခြေခံပညာကျောင်းများတွင် တိုးမြင့်လာသော ကျောင်း သား ဦးရေတို့အပေါ်မူတည်၍ ကျောင်းများကို တိုးချဲ့တည် ဆောက်ပေးလျက်ရှိပြီး လာမည့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် လည်း ဝေးလံဒေသနှင့်နယ်စပ်ဒေသများရှိ အခြေခံပညာအလယ်တန်းနှင့်အ ထက်တန်းကျောင်းတို့တွင် စာသင်ခန်း ၂၀၀၀ ကို တိုးချဲ့တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း ပညာရေး ဝန် ကြီးဌာနမှ သိရသည်။ 

''အချိန်တိုအတွင်းတိုးတက်ဖြစ် ထွန်းစေမယ့် အစီအစဉ်ထဲမှာတော့ ဒီကိစ္စကို ထည့်သွင်းထားတယ်။ နယ် စပ်ဒေသနဲ့ဝေးလံဒေသတွေက မြို့ပေါ်တွေ ထက်ဖွံ့ဖြိုးမှုနည်းတာပေါ့။ ဒါကြောင့် သူတို့ကိုဖွံ့ဖြိုးစေဖို့အတွက် တို့တတွေဆီမှာထက် သူတို့ကိုပိုမို ဖြည့်ဆည်းဖို့အတွက် စာသင်ခန်းတွေ တိုးပြီးဆောက်ပေးတာလို့ ယူဆ ရပါတယ်''ဟု အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။ 

ပညာရေးဝန်ကြီးဌာနမှ ၂၀၁၀- ၂၀၁၁ပညာသင်နှစ်မှ ၂၀၁၄- ၂၀၁၅ပညာသင်နှစ်အထိ ငါးနှစ်အတွင်း အခြေခံကျောင်းပေါင်း လေးထောင်ကျော်အထိ တိုးမြှင့်တည် ဆောက်ပေးနိုင်ခဲ့ကြောင်း ၂၀၁၁- ၂၀၁၂ပညာသင်နှစ်တွင် အခြေခံ ပညာကျောင်းပေါင်း ၄၀၉၉၁ရှိခဲ့ ပြီး ၂၀၁၄-၂၀၁၅ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၄၄၄၀၄ အထိရှိလာခဲ့ကြောင်း သိရသည်။

''ဆရာတို့အနေနဲ့အခြေခံပညာကျောင်းတွေကို ကျောင်းသား ဦးရေ၊ မြေ အနေအထားတွေအ ပေါ်မူတည် ပြီး တည်ဆောက်ပေးနေပါတယ်။ စာသင်ဆောင်အသစ် ဆောက်မယ်ဆိုရင်တော့ မြေလွတ် ရှိရင် မြေအလွတ် မှာဆောက်ပေးပါ တယ်။ အလွတ်မရှိရင်တော့ ကျောင်း ဆောင်ဟောင်းတွေကို ဖျက် သိမ်းပြီး အသစ်တည်ဆောက်ပေးနေပါတယ်။ လာမယ့်နှစ်အတွက်တော့ ပညာရေးဝန်ကြီးဌာနက အသစ်ဆောက် လုပ်မှုတွေကိုလုပ်ဖို့အတွက် လွှတ်တော် ကဘတ်ဂျက်အတည်ပြုပေးမယ်ဆိုရင်တော့ လုပ်လို့ ရမယ်။ လော လောဆယ်လျာထားတာကတော့ စာသင်ဆောင်တွေ တိုးမယ်လို့ဆိုပေမယ့် ဆောက် လုပ်ရေးပိုင်းကို နည်းနည်းလျှော့မယ်လို့လဲ ကြားထားပါ တယ်''ဟု ယင်းကထပ်မံပြောသည်။

ပညာရေးဝန်ကြီးဌာနမှ အလယ်တန်းနှင့်အထက်တန်းကျောင်းများတွင် ပေ(၃၀* ၃၀)စာသင်ခန်း တစ် ခန်းကို ကျောင်းသားဦးရေ ၅၀ ဖြင့် တွက်ချက် တည်ဆောက်ပေး လျက်ရှိနေသည်။

ATK
Democracytoday‬

No comments:

Post a Comment