Monday 2 February 2015

ပလေးဘွိုင်းသန်းနိုင် ဂီတဖျော်ဖြေပွဲ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြန်လည်ပြုလုပ်မည်

ဂီတလောကတွင် Play Boy တီးဝိုင်းနှင့်အတူ အောင်မြင်မှုများစွာ ရခဲ့ပြီး ယခုအချိန်အထိ ပရိသတ် အခိုင်အမာရှိဆဲ ဖြစ်သည့် ပလေးဘွိုင်းသန်းနိုင် ဂီတသက်တမ်း နှစ်ငါးဆယ်ပြည့် အမှတ်တရဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း ဖျော်ဖြေပွဲ စီစဉ်သူ ဦးပီးပေါ်က ပြောကြားသည်။

“ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စနေနေ့မှာ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်သွားပါမယ်။ ခုလောလောဆယ် ပလေးဘွိုင်းသန်းနိင်ရဲ့ ကျန်းမာရေး အခြေအနေလည်း ပြန်ကောင်းနေပါပြီ” ဟု ၎င်းကဆိုသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ ညပိုင်းက ရွှေတိဂုံဘုရားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး မျက်လုံးနှင့် မေးစေ့အောက်ပိုင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် မိမိ၏ ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းလိုက်ရသည့်အတွက် ပလေးဘွိုင်းသန်းနိုင်က ပရိသတ်ကို တောင်းပန်ခဲ့ကြောင်း ပွဲစီစဉ်များထံမှ သိရသည်။ 

အဆိုပါပွဲတွင် 21st Century၊ Play Boy၊ Emperor၊ Noon စသည့် တီးဝိုင်းအဖွဲ့များဖြင့် တီးခတ်ပေးသွားမည် ဖြစ်ကာ ပလေးဘွိုင်းသန်းနိုင် တစ်ကိုယ်တော် ဖျော်ဖြေမှုအပြင် တေးသံရှင် ဗစ်တာခင်ညို၊ ဘိုဘိုဟန်၊ စိန်ဝင်းထွန်း၊ ခိုင်ထူး၊ ခင်မောင်ထူး၊ ဇော်ဝင်းရှိန်၊ ဇော်ဝင်းထွဋ်၊ ဂျက်မြသောင်း၊ ဂျေမောင်မောင်၊ ချစ်ကောင်း၊ ဘိုဘို၊ ရင်ဂို၊ စည်သူလွင်၊ ဇော်ထက်ဟန်၊ ဖရန်ကို၊ ဖြိုးကြီး၊ ထွန်းထွန်း၊ ဟဲလေး၊ ငဲငယ်၊ တင်အောင်မိုး၊ ပီတာဘသိန်း၊ ပြည့်ဖြိုးမောင်၊ အယ်လ်ခွန်းရီ၊ မေဆွိ၊ မေခလာ၊ စိမ်းမို့မို့၊ ဟေမာနေဝင်း၊ ကော်နီ၊ သျှီ၊ ယုဇန၊ အိုင်ရင်းဇင်မာမြင့်တို့ ပါဝင်သီဆိုမည် ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment