Monday 2 February 2015

သပိတ်မှောက် ကျောင်းသားစစ်ကျောင်း ရေနံချောင်းမှသည် မကွေးသို့ ...... "ရေနံချောင်းကောလိပ်မှ ဆရာ/ဆရာမများလည်း သပိတ်စစ်ကြောင်းတွင် လိုက်ပါ"

မန္တလေး ကျောင်းသားသပိတ် စစ်ကြောင်းသည် ရေနံချောင်းမြို့နယ်မှ နံနက် ၈ နာရီ ၃၀ မိနစ်မှစ၍ မကွေးမြို့တွင် ထွက်ခွာခဲ့ပြီး နံနက် ၉ နာရီတွင် ရေနံချောင်း နည်းပညာ တက္ကသိုလ်ရှေ့တွင် ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းက ဂိတ်ပေါက်တံခါးကို ဖွင့်ပေးခဲ့သည်။ သပိတ်မှောက် ကျောင်းသား တစ်ချို့က ကျောင်းအတွင်းသို့ဝင်၍ စာရွက်စာတမ်းများ ဝေခဲ့ပြီး လမ်းခရီးကို ဆက်လက်ချီတက်ခဲ့သည်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
မန္တလေး ကျောင်းသားသပိတ် စစ်ကြောင်းသည် ရေနံချောင်းမြို့နယ်မှ နံနက် ၈ နာရီ ၃၀ မိနစ်မှ စ၍ မကွေးမြို့တွင် ထွက်ခွာခဲ့ပြီး နံနက် ၉ နာရီတွင် ရေနံချောင်း နည်းပညာတက္ကသိုလ်ရှေ့တွင် ဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းက ဂိတ်ပေါက်တံခါးကို ဖွင့်ပေးခဲ့သည်။ သပိတ်မှောက် ကျောင်းသားတစ်ချို့က ကျောင်းအတွင်းသို့ဝင်၍ စာရွက်စာတမ်းမျး ဝေခဲ့ပြီး လမ်းခရီးကို ဆက်လက်ချီတက်ခဲ့သည်။

ကျောင်းသား သပိတ်စစ်ကြောင်းသည် မကွေးမြို့သို့ ချီတက်နေရာ နေ့လည် ၁၂ နာရီတွင် ရေနံချောင်း မြို့နယ် ဂွေးကုန်းရွာအနီး ညောင်ဒိုကျေးရွာမှာ ထမင်းစား ရပ်နားနေသည်။ အဆိုပါနေရာသို့ မကွေးတိုင်း ၈၈ အဖွဲ့နှင့် လူမှုရေးအဖွဲ့များ၊ အရပ်ဘက်အဖွဲ့များ လာရောက်ကြိုဆိုကြသည်။

ချီတက်ရာသို့ ရေနံချောင်းကောလိပ်နှင့် နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသူကျောင်းသား ၈၀ ခန့်က မကွေးမြို့သို့ လိုက်ပါ ချီတက်သွားမည်။

ထို့အပြင် ရေနံချောင်းကောလိပ်မှ ဆရာ/ဆရာမများကလည်း ကျောင်းသားများကို ဝိုင်းရံကာ မကွေးအထိ လိုက်ပါသွားမည်ဖြစ်သည်။

လိုက်ပါခဲ့သူ ရေနံချောင်းကောလိပ်မှ ကထိက ဒေါက်တာ အေးအေးသန့် က "ကလေးတွေကို စိတ်မချလို့ လိုက်လာတာပါ။ မကွေးအဝင်ထိ လိုက်ပို့ပေးသွားမယ်။ ကလေးတွေလုပ်ဆောင်နေတာလည်း မှန်နေတယ်။ ပြီးတော့ ဒီကထွက်ရင် ရှေ့မှာရဲတပ်ရင်းတစ်ခုရှိတယ်။အဲဒါလည်းစိတ်မချဘူး။ ဒါကြောင့်လိုက်ပို့တာပါ။" ဟုမဇ္ဈိမ ကိုပြောသည်။

မဇ္ဈိမ

No comments:

Post a Comment